အလက်ပို အရှေ့ခြမ်း သူပုန်ထိန်းချုပ်မြေ ၇ဝ% ကျော်ကို အစိုးရ ပြန်သိမ်းနိုင်

အရပ်သားတွေ အတွက် အကူအညီတွေ အရေးပေါ် လိုအပ်
ဆီးရီးယား နိုင်ငံမှာ အလက်ပ်ပိုမြို့ တစ်ခုလုံးကို သိမ်းနိုင်ဖို့ ထိုးစစ်ဆင် နေတဲ့ အစိုးရ တပ်တွေဟာ အရေးကြီးတဲ့ နယ်မြေ တွေကို ထပ်မံ ထိန်းချုပ် လိုက်နိုင်ပါတယ်။
မဟာဗျူဟာမြောက် အရေးပါတဲ့ အပ်ရှ် ရှအား ဆိုတဲ့ နေရာ အပါအဝင် အလက်ပ်ပို အရှေ့ခြမ်းက နောက်ထပ် နယ်မြေ ငါးခုကို အစိုးရတပ်တွေ ထိန်းချုပ် နိုင်ခဲ့တယ် ဆိုပြီး ဆီးရီးယား လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။
ဒီ သတင်းအရ ဆိုရင် အလက်ပ်ပို အရှေ့ခြမ်း သူပုန် ထိန်းချုပ် နယ်မြေ တွေရဲ့ ၇ဝ% ဝန်းကျင်ကို အစိုးရတပ်က သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အလက်ပ်ပို တိုက်ပွဲကြောင့် အစိုးရ ထိန်းချုပ် နယ်မြေတွေဘက် ထွက်ပြေး လာကြတဲ့ အရပ်သား သောင်းနဲ့ချီ ရှိနေပါတယ်။
အစိုးရ ထိုးစစ် ဒဏ် ခံနေရတဲ့ သူပုန် ထိန်းချုပ်နယ် မြေတွေ ထဲ ရှိနေဆဲ ဖြစ်တဲ့ အရပ်သားတွေ အတွက်လည်း လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးဖို့ အရေးပေါ် လိုအပ် နေပါတယ်။