ကာ့ဒ် စစ်သွေးကြွ လိုလားသူ နှစ်ရာကျော် တူရကီ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, ADEM ALTAN
အာဏာသိမ်းပွဲပျက်ပြီး အဖမ်းအဆီးတိုးလာ
တူရကီ နိုင်ငံမှာ တရားမဝင် သတ်မှတ်ခံထားရတဲ့ ကာ့ဒ် စစ်သွေးကြွ အဖွဲ့ PKK ရဲ့ ကိုယ်စား နိုင်ငံ တဝန်း လှုပ်ရှား ဆောင်ရွက် နေပြီး အကြမ်းဖက် ဝါဒ ဖြန့်သူလို့ စွပ်စွဲခံရတဲ့ လူပေါင်း ၂၃ဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။
ဖမ်းဆီး ခံရသူတွေထဲမှာ Kurdish People's Democratic Party ဆိုတဲ့ ကာ့ဒ်ပါတီကို လိုလားတဲ့ ပါတီက အရာရှိ တွေလည်း ပါဝင် ပါတယ်။
အဲဒီ ပါတီဟာ တူရကီ ပါလီမန်ထဲမှာ ဒုတိယ အကြီးဆုံး အတိုက်အခံ အဖွဲ့ ဖြစ်ပါတယ်။
စနေနေ့က လူ ၄၄ ယောက် သေဆုံးခဲ့ရတဲ့ အီစတန်ဘူမြို့က တိုက်ခိုက်မှုနှစ်ခုမှာ PKK ခေါ် တရားမဝင် သတ်မှတ်ခံထားရတဲ့ စစ်သွေးကြွ အဖွဲ့ရဲ့ လက်ချက်လို့ တူရကီ အစိုးရက စွပ်စွဲ ပြစ်တင် ပါတယ်။