အလက်ပိုမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ကယ်ဆယ်ရေးတွေ မလုပ်နိုင်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
အလက်ပိုမှာ အရပ်သားတွေ ပိတ်မိနေ
ဆီးရီးယားနိုင်ငံ အလက်ပို အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ တစ်ရက်ကပဲ ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူ ညီမှု ပျက်ပြယ် သွားခဲ့ပြီ ဖြစ်ပါတယ်။
ဆီးရီးယားက သူပုန် အဖွဲ့တွေနဲ့ ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ် တပ်တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် ဆိုတဲ့ အချိန်မှာပဲ သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေမှာ လေကြောင်း တိုက်ခိုက်မှု တွေ ပြန်လည် စတင်ခဲ့ပါတယ်။
ထပ်မံဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နှစ်ဖက် စလုံးက အပြန်အလှန် အပြစ် တင်ခဲ့ကြ ပါတယ်။
အခု အပစ်ရပ်တဲ့ သဘောတူညီမှုက ပိတ်မိနေကြတဲ့ အရပ်သား တွေနဲ့ တိုက်ခိုက်ရေး သမားတွေကို အလက်ပို အရှေ့ပိုင်း ကနေ ကယ်ထုတ် နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
လူတွေကို ကယ်ထုတ်ဖို့ သွားတဲ့ ဘတ်စ်ကားကြီးတွေလည်း လူမပါဘဲ ပြန်လှည့် ခဲ့ကြရပုံရ ပါတယ်။
ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ် ကတော့ အနောက် နိုင်ငံတွေ အနေနဲ့ အလက်ပိုက အရပ်သားတွေကို အမှန်တကယ် ဂရု စိုက်တာ မဟုတ်ဘူး လို့ ပြော ပါတယ်။
အကြမ်းဖက်သူ တွေလက်က နေ အလက်ပို လွတ်မြောက်အောင် ဆီးရီးယား အစိုးရက လုပ်ဆောင်မှုကို အနောက်နိုင်ငံတွေက အရာရှိတွေနဲ့ မီဒီယာတွေက အရပ်သားတွေ အတွက် စိုးရိမ်ကြောင်း ဖော်ပြကြပြီး Palmyra ရှေးဟောင်းမြို့မှာ အကြမ်းဖက် သမားတွေက အရပ်သားတွေကိုသတ်၊ ရှေးဟောင်း အမွေ အနှစ်တွေ ကို ဖျက်ဆီးတာကိုတော့ ဂရု မစိုက်ကြ ဘူးလို့သမ္မတ အာဆတ်က ရုရှား ရုပ်မြင်သံကြား မေးမြန်းခန်းမှာ ဝေဖန် ပြောဆိုခဲ့ ပါတယ်။

အလက်ပို တမြို့လုံး သိမ်းနိုင်တော့မယ်လို့ အစိုးရတပ်ပြော
ဒုက္ခသည်တွေ ကယ်ထုတ်ရေး ရုရှားနဲ့ သူပုန်တပ်တွေ ညှိနှိင်းနေ