အလက်ပိုအရှေ့ပိုင်းကက ဆုတ်ဖို့ သဘောတူလို့ သူပုန်ဆို

aleppo

ဓာတ်ပုံ ရင်းမြစ်, GEORGE OURFALIAN

ဓာတ်ပုံ ပုံစာ,

စစ်ဒဏ်ခံ အလက်ပို

ဆီးရီးယားမှာ သူပုန်တွေ သိမ်းထားတဲ့ အလက်ပို အရှေ့ပိုင်းက ဆုတ်ခွာဖို့ သဘော တူညီမှု အသစ်ရပြီလို့ သူပုန်တွေက ကြေညာ လိုက်ပါတယ်။

ဒီအတွက် ဆီးရီးယား အနောက်မြောက်ပိုင်း ရှီအာ ရွာ ၂ ရွာ က ဒဏ်ရာရတဲ့ အရပ်သားတွေကို သူပုန်တွေက ဆုတ်ခွာခွင့် ပေးရမှာပါ။

ကနေ့ မနက် လင်းအားကြီးကစပြီး သူပုန်တွေနဲ့ အရပ်သားတွေ ထွက်ခွင့်ရမယ်လို့ မျှော်လင့်ကြောင်း သူပုန်တွေက ဆိုပါတယ်။

ဒါပေမဲ့ ဆီးရီးယား အစိုးရ ဘက်သား ဟဇ်ဘိုလာ ပြောက်ကြားတွေက ဒီလို သဘောတူညီမှု ရတယ် ဆိုတာကို ငြင်းဆိုပြီး ရှုပ်ထွေးမှုတွေ ရှိတယ်လို့ပဲ ဆိုပါတယ်။

အင်္ဂါနေ့က ရခဲ့တဲ့ အပစ်ရပ်စဲရေးကလည်း ဆီးရီးယား အစိုးရ နဲ့ အီရန်ဘက်က ကန့်ကွက်မှုတွေကြားက ခဏနဲ့ ပျက်ပြားသွားခဲ့ပါတယ်။

ဒီနောက် နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး အစိုးရ ဘက်က အသာစီးရလာခဲ့ပါတယ်။

အစိုးရ အရာရှိတွေ ပြောကြားချက် အရ အရပ်သား တသောင်းငါးထောင် ခန့် ကို ဘေးလွတ်ရာ ထွက်ခွာခွင့် ပြုမယ် လို့ ဆိုပါတယ်။

မည်သို့ဆိုစေ အမေရိကန် အစိုးရ က အပစ်ရပ် သဘောတူညီချက် အမြန်ဆုံး ပေါ်ပေါက်ဖို့ အတွက် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၊ ရုရှ၊ တူရကီ နဲ့ ကာတာ နိုင်ငံခြားရေး ဝန်ကြီး တွေ ကို တိုက်တွန်းပြောကြားကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အရာရှိ ဂျွန်ကာဘီ က ပြောပါတယ်။

မစ္စတာ ကယ်ရီ ထောက်ပြတဲ့ အချက် ကတော့ သွေးထွက်သံယို ဖြစ်နေမှု တွေ နဲ့ အကြမ်းဖက် တိုက်ခိုက်နေမှု တွေ ရပ်ဆိုင်ဖို့ အတွက် စစ်မှန်တဲ့ အပစ်ရပ် သဘောတူညီချက် ထွက်ပေါ်လာဖို့ အရေးကြီးကြောင်း နဲ့ မနေ့ က အပစ်ရပ် ပျက်ပြယ် သွားစေခြင်း ကိုလည်း အားပေး အားမြှောက် ပြုသူတွေ ရှိနေတာ ကို ပြောခဲ့ ကြောင်း ရှင်းပြတာပါ။