ဥရောပရဲ့ ဂယ်လီလီယို ဂြိုဟ်တု အလုပ်စလုပ်ပြီ

ဂယ်လီလီယိုဂြိုဟ်တု

ဓာတ်ပုံ ရင်းမြစ်, S. MARTIN

ဓာတ်ပုံ ပုံစာ,

ဂယ်လီလီယိုဂြိုဟ်တုကို လွှတ်တင်လိုက်စဉ်

ကမ္ဘာ့အတိကျဆုံး ဂြိုဟ်တုဆက်သွယ်ရေးစနစ် ဖြစ်လာဖို့ ရည်မှန်းပြီး ဥရောပသမဂ္ဂက လွှတ်တင်ထားတဲ့ ဂယ်လီလီယို ဂြိုဟ်တုက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာပဲ လုပ်ငန်းတွေ စလုပ်နေပါပြီ။

နည်းပညာနဲ့ ဘတ်ဂျက်ငွေကြေး အခက်အခဲတွေကြောင့် ဂြိုဟ်တုလွှတ်တင်ဖို့ နှစ်ပေါင်းတော်တော်ကြာကြာ အချိန်ယူခဲ့ ရပါတယ်။

ဥရောကက ဒီစနစ်ကို ၁၇ နှစ်တာ အချိန်ယူပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဂယ်လီလီယိုစနစ်ဟာ ရုရှားရဲ့ GLONASS နဲ့ အမေရိကန် GPS တို့ထက် ပိုတိကျပြီး ပင်လယ်ထဲ မြောနေသူတွေနဲ့ တောင်တွေပေါ် မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက ပိုပြီး မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မယ်လို့ ဥရောပ ကော်မရှင်က မျှော်လင့်နေပါတယ်။

အစပိုင်းမှာတော့ စမတ်ဖုန်းတွေနဲ့ ကားတွေမှာ သုံးတဲ့ ဂြိုဟ်တုဆက်သွယ်ရေးအတွက် ဂယ်လီလီယိုစနစ်ကို အပြည့်အဝ သုံးနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဂယ်လီလီယို စနစ်ကို ရယူ အသုံးပြုနိုင်မယ့် မိုက်ခရိုချစ်ပ်တွေ ပံ့ပိုးပေးဖို့ စာချုပ်ကို ဥရောပကော်မရှင် အရာရှိတွေက နည်းပညာကုမ္ပဏီတွေနဲ့ ချုပ်ဆိုခဲ့ပါတယ်။

ဂယ်လီလီယို စနစ်မှာ ဂြိုဟ်တု ၂၄ လုံး ပါဝင်ပြီး အရံဂြိုဟ်တု ခြောက်လုံးကလည်း အာကာသထဲ လှည့်ပတ် နေပါတယ်။