ဆီးရီးယား အရပ်သား ကယ်တင်ရေး အစီအစဉ် ပြန်လည်စတင်

ဓာတ်ပုံ မူပိုင် AFP
Image caption နယူးယောက် မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ သုံးနာရီကျော်ကြာ ဆွေးနွေး ညှိနှိုင်း

ဆီးရီးယား နိုင်ငံ အလက်ပို မြို့ အရှေ့ခြမ်းမှာ ပိတ်မိ နေတဲ့ အရပ်သား တွေ ကို ကယ်ဆယ်ရေး အစီအစဉ် ပြန်လည် စတင် နေပြီလို့ နောက်ဆုံး ဝင်လာတဲ့ သတင်းတွေ အရ သိရပါတယ်။

သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဒေသ ကနေ အရပ်သား တွေကို တင်ဆောင် လာတဲ့ ဘတ်စ်ကား တွေ နဲ့ လူနာတင် ယာဉ် တွေ စတင် ထွက်ခွာ လာပြီ ဖြစ်ကြောင်း ဆီးရီးယား က လာတဲ့ သတင်းတွေ မှာ ဖော်ပြ နေပါတယ်။

အစောပိုင်း အချိန်မှာတုန်း က အရပ်သား တွေကို ကယ်ဖို့ ရောက်လာတဲ့ ဘတ်စ်ကား တွေကို သူပုန် အချို့က မီးရှို့ဖျက်ဆီး ခဲ့တဲ့ အတွက် ကယ်ဆယ်ရေး အစီအစဉ် ကို ရပ်ဆိုင်း ထားခဲ့ရတာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ ပိတ်မိနေတဲ့ အရပ်သား တွေကို ကယ်ဆယ်ရေး အစီအစဉ်မှာ ကုလသမဂ္ဂ အဖွဲ့ကြီး က ဝန်ထမ်းတွေ စေလွှတ်ပြီး စောင့်ကြည့်မှု လုပ် မလုပ် ဆိုတာ ကို လုံခြုံရေး ကောင်စီမှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။

နယူးယောက် မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ သုံးနာရီကျော်ကြာ ဆွေးနွေး ညှိနှိုင်း ပြီး နောက် အရပ်သား တွေ ကယ်ဆယ်ရေး အစီအစဉ် ကို လုံခြုံရေး ကောင်စီ မှာ တညီတညွှတ် နဲ့ ထောက်ခံမှု ပေးဖို့ မျှော်လင့် ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် စမန်သာ ပါဝါ က ပြောပါတယ်။

ဆီးရီးယား နိုင်ငံကို ကုလသမဂ္ဂ အဖွဲ့က အတားအဆီးမရှိ ဝင်ရောက်ခွင့် ပေးဖို့ ပြင်သစ် နိုင်ငံရဲ့ အဆိုပြု တင်ပြချက် ကို ရုရှ နိုင်ငံ ဘက် က ငြင်းပယ် ထားပြီး အဆိုပြုချက် ကို ပြင်ဆင် ပေးဖို့ ကိုလည်း တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ