ဂျော်ဒန် မှာ သေနတ် သမားတွေ ပစ်ခတ် လို့ အနည်းဆုံး ၁၀ ဉီး သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲတိုက် တစ်ခု မှာ ကင်းလှည့် နေကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို သေနတ် သမား တွေက ပစ်ခတ် တိုက်ခိုက်မှု တွေ စတင် လုပ်ခဲ့

ဂျော်ဒန် နိုင်ငံ က ရှေးဟောင်း မြို့တော် ကာရက် မှာ သေနတ် သမားတွေ က ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အတွက် လူ အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့ရပြီး နောက်ထပ် ၂၇ ဉီးလည်း အပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

သေဆုံး ခဲ့တဲ့ လူတွေ ထဲမှာ ရဲ အရာရှိ ၇ ယောက် ပါဝင်ပြီး ကနေဒါ နိုင်ငံသား ခရီးသွား တစ်ယောက်လည်း သေဆုံး ခဲ့ရပါတယ်။

ဂျော်ဒန် နိုင်ငံ က ရှောင်းဟောင်း ခရူးဆိတ် ရဲတိုက် တစ်ခု မှာ ကင်းလှည့် နေကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို သေနတ် သမား တွေက ပစ်ခတ် တိုက်ခိုက်မှု တွေ စတင် လုပ်ခဲ့ကြတာ လို့ သတင်းတွေမှာ ဖော်ပြ နေပါတယ်။

လောလောဆယ်မှာ ကမ္ဘာ့လှည့် ခရီးသွားတွေ အလာများ တဲ့ ကာရက် မြို့က ရဲတိုက်ကို ရဲတွေက ဝိုင်းရံ ထားပြီး သေနတ် သမားတွေကို ဖမ်းဆီး ဖို့ ကြိုးစား နေပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ ကို ဘယ် အဖွဲ့က လုပ်သလဲ ဆိုတာ လောလောဆယ် အချိန်အထိ သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။

ကာရက် မြို့က တောင်ကုန်း ထိပ်မှာ ရှိတဲ့ ရှေဟောင်း ရဲတိုက် တစ်ခု ထဲကို ဝင်ရောက် နေတဲ့ သေနတ်သမား လေးယောက်ကို အသေ ပစ်ခတ် ဖမ်းဆီး ခဲ့တယ်လို့ ဂျော်ဒန် အာဏာပိုင် တွေက ပြောပါတယ်။

ဂျော်ဒန် နိုင်ငံဟာ အမေရိကန် ဉီးဆောင် တို့ အစ္စလမ်မစ် နိုင်ငံ IS အဖွဲ့ကို ခေျမှုန်း နေရာမှာ အနီးကပ် ပူးပေါင်း ပါဝင်မှုတွေကြောင့် အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွား ရတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ