သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် တွေ ထရမ့် ကို အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်း က သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် မဲ အများစု ရရှိပြီး ဒေါ်နယ် ထရမ့် က အနိုင်ရရှိ ခဲ့တာ ဖြစ်
အမေရိကန် နိုင်ငံက သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် အဖွဲ့ တွေက ဒေါ်နယ် ထရမ့် ကို အမေရိကန် သမ္မတ အဖြစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မှာ အတည်ပြု ခဲ့ပါတယ်။
လာမယ့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဒေါ်နယ် ထရမ့် ဟာ အမေရိကန် နိုင်ငံက ၄၅ ယောက်မြောက် သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိမ်ဆိုမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်း က သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် မဲ အများစု ရရှိပြီး ဒေါ်နယ် ထရမ့် က အနိုင်ရရှိ ခဲ့တာ ဖြစ်ပါတယ်။
ဟီလာရီ ကလင်တန် ကို ထောက်ခံ ကြသူတွေ က သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်တွေ ဆီကို ဆက်သွယ် ခဲ့ပြီး ဒေါ်နယ် ထရမ့် ကို မရွေးချယ် ကြဖို့ တောင်းဆို မှုတွေလည်း ရှိခဲ့ပါတယ်။
ဒီမိုကရက် ပါတီ က ပြိုင်ဘက် ဟီလာရီ ကလင်တန် ကတော့ ပေါ်ပြူလာ မဲ လို့ ခေါ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ မဲအများစု ရရှိ ခဲ့ပေမယ့် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် မဲ မှာတော့ ဒေါ်နယ် ထရမ့် ကို ရှုံးနိမ့် ခဲ့ပါတယ်။