ဂျပန် ဝန်ကြီးချုပ် ပုလဲ ဆိပ်ကမ်းမှာ ဂါရဝပြု

ဂျပန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အာဘေးရဲ့ခရီးစဉ်ဟာ အတိတ်ကိုပြန်ကြည့်ရုံသာမဟုတ်ပဲ အနာဂါတ်ကိုလည်းမျှော်ကြည့်ဖို့ရည်ရွယ်

ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး ဟာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ ကျွန်းက ပုလဲဆိပ်ကမ်းကို၁၉၄၁ခုနှစ်က ဂျပန် တွေ တိုက်ခိုက် ခဲ့တဲ့ အထိမ်း အမှတ်နေရာကို ဂါရဝပြုဖို့ ရောက်ရှိနေပါတယ်။

အခု အာဘေးရဲ့ခရီးစဉ်ဟာ အတိတ်ကိုပြန်ကြည့်ရုံသာမဟုတ်ပဲ အနာဂါတ်ကိုလည်းမျှော်ကြည့်ဖို့ရည်ရွယ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ခရီးရောက်မဆိုက်မှာပဲ ဟိုနိုလူလူရှိ ပစ္စဖိတ်ဒေသအထိမ်းအမှတ်အမျိုးသားစစ်သင်္ချိုင်းကိုသွားရောက်အလေးပြုခဲ့ပါတယ်။

၁၉၄၁ခုနှစ် ပုလဲ ဆိပ်ကမ်း က အမေရိကန် ရေတပ် အခြေစိုက် စခန်းကိုမသွားမီ အာဘေးဟာ ဟာဝိုင်ယီ ရှိအထိမ်အမှတ်တွေကိုသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့ နှောင်းပိုင်းကျရင်တော့ သမ္မတ အိုဘားမားနဲ့အတူ အမေရိကန်စစ်သား ၂၃၀၀ကျဆုံးခဲ့တဲ့ ရေလယ်ရှိ အထိမ်းအမှတ်မှာ ကျဆုံးသူတွေအတွက်ခေါင်းဆောင်၂ယောက်ပူးတွဲဆုတောင်းကြမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၇၅နှစ်က ဂျပန်တို့လက်ချက်နဲ့နစ်မြုပ်ခဲ့တဲ့ ယူအက်စ်အက်စ် အာရီဇိုးနားသင်္ဘောကြီးမြုပ်နေတဲ့နေရာအထက်မှာ အထိမ်းအမှတ်လုပ်ထားတာဖြစ်ပါတယ်။

တိုက်ခိုက်အတွင်း စစ်သင်္ဘော၈စီးပျက်စီးပြီး၄စီးနစ်မြုပ်ခဲ့ပါတယ်။

ပုလဲဆိပ်ကမ်းတိုက်ခိုက်မှု ၇၅နှစ်အထိမ်းအမှတ်လုပ်ပြီး၃ပတ်ကြာမှာအာဘေးရောက်လာတာဖြစ်ပြီးသမ္မတအိုဘားမားနဲ့ ထိပ်သီးအစည်းဝေးလည်းလုပ်ဖို့ရှိပါတယ်။ သမ္မတရဲ့သက်တမ်း အတွင်း နောက်ဆုံး တွေ့ဆုံမှုဖြစ်ပါတယ်။

အခုခရီးစဉ်မှာကျဆုံးသူတွေအတွက် ဝန်ကြီးချုပ်က ဆုတောင်းပေးမှာဖြစ်ပေမယ့် ဝန်ခ ျတောင်းပန်မှာမဟုတ်ဘူးလို့ သူ့လက်ထောက်တွေက ပြောပါတယ်။

အနှစ်၇၀ကျော်အတွင်း ဂျပန်နဲ့အမေရိကန်တို့ ဟာ ရင်းနှီးတဲ့မဟာမိတ်တွေဖြစ်လာပါတယ်။

ဒါပေမယ့်တာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီးချုပ်တယောက်လာရောက်ဖို့ကအချိန်အတော်ယူခဲ့ပြီး မေလကသမ္မတအိုဘားမားဟာ အနုမြူဗုံးဒဏ်ခံရတဲ့ ဟီရိုရှီးမား ခရီးနောက်ပိုင်းအတားဆီးတွေကြားက အခုလိုပြန်တုန့်ပြန်ခရီးထွက်ဖြစ်ပါတယ်။

နောက်တခါ ဒေါ်နယ်ထရမ့်အရွေးခံရတာဟာလည်း ခရီးလုပ်ဖြစ်ဖို့ ပိုလိုအပ်လာပါတယ်။ ထရမ့် သမ္မတအိမ်ဖြူတော်မရောက်မီ ပုလဲဆိပ်ကမ်းတိုက်ခိုက်တဲ့တစ္ဆေခြောက်မှုကို မစ္စတာအာဘေးကအပြီး မြုပ်နှံချင်တာလို့ တိုကျိုရှိဘီဘီစီသတင်းထောက် ရူပတ် ဝင်းဖီးဟေးကသုံးသပ်ပါတယ်။