Star Wars မင်းသမီး ရဲ့ မိခင် ကွယ်လွန်

ဟောလီးဝုဒ်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

Singin' in the Rain ဇာတ်ကား နဲ့ နာမည်ကျော် လူကြိုက်များ ခဲ့

Star Wars သရုပ်ဆောင် ကယ်ရီ ဖစ်ရှာ ရဲ့ မိခင် ဖြစ်သူ ဒက်ဘီ ရေးနောလ် လည်း နောက်တစ်နေ့မှာပဲ ကွယ်လွန် သွားပြီလို့ သားဖြစ်သူ က အတည်ပြု ပြောကြားပါတယ်။

ဒက်ဘီ ရေးနောလ် ဟာ လေဖြတ် ဝေဒနာ ခံစား ခဲ့ရတဲ့ အတွက် လော့စ်အိန်ဂျယ်လိစ် မြို့က ဆေးရုံကို အရေးပေါ် တင်ပို့ ကုသ ခဲ့ရတာ ဖြစ်တယ်လို့ အမေရိကန် သတင်း ဌာန တွေမှာ ဖော်ပြ နေပါတယ်။

ဟောလီးဝုဒ် နာမည်ကြီး သရုပ်ဆောင်ကြီး က ၁၉၅၂ ခုနှစ်မှာ ထွက်ရှိ တဲ့ Singin' in the Rain ဇာတ်ကား နဲ့ နာမည်ကျော် လူကြိုက်များ ခဲ့တာ ဖြစ်ပါတယ်။

Star Wars ဇာတ်လမ်းတွေ နဲ့ နာမည် ကျော် ခဲ့တဲ့ သမီး ဖြစ်သူ ကယ်ရီ ဖစ်ရှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကွယ်လွန် ခဲ့ပြီးနောက် ၂၉ ရက်နေ့မှာ မိခင် ဖြစ်သူ ဒက်ဘီ ရေးနောလ် လည်း ကွယ်လွန် သွားခဲ့တာပါ။

သူမ ကွယ်လွန် ချိန်မှာ အသက် ၈၄ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။