တူရကီ ညကလပ်မှာ တိုက်ခိုက်သူကို ဆက်ရှာနေ

Tributes to the some of the Turkish victims of the attack in Istanbul

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

တိုက်ခိုက်မှုမှာ သေဆုံးသူတွေအတွက် ဝမ်းနည်း ပူဆွေးနေကြ

တူရကီနိုင်ငံ အီစတန်ဘူလ် မြို့က ညကလပ် တစ်ခုမှာ နှစ်သစ်ကူး ပွဲ ကျင်းပနေချိန် လူ ၃၉ ယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့သူလို့ မသင်္ကာသူကို ရဲတွေက ဆက်လက် ရှာဖွေ နေပါတယ်။

တချို့ သတင်း မီဒီယာတွေ မှာတော့ သေနတ် သမားလို့ မသင်္ကာသူဟာ အသက် ၂၈ နှစ် အရွယ်ဖြစ်ပြီး ကာဂစ္စတန် နိုင်ငံကနေ ကနေ တူရကီကို နိုဝင်ဘာလက ဝင်ရောက် လာခဲ့တာလို့ ဖော်ပြနေကြ ပါတယ်။

ဒါပေမဲ့ အာဏာပိုင်တွေ ဘက်ကတော့ အတည်ပြု ပြောတာ မရှိသေးပါဘူး။

သူ့ဇနီးကိုလည်း ဖမ်းထားတယ်လို့ ပြောနေကြ ပါတယ်။

တူရကီ ရဲတွေက တနင်္လာနေ့ ညက အီစတန်ဘူလ် မြို့တဝန်းမှာ တပြိုင်တည်း စီးနင်းရှာဖွေမှုတွေ တွေလုပ်ခဲ့ ပါတယ်။

ဒါပေမဲ့ သေနတ်သမား ကိုတော့ အခုချိန်ထိ လွတ်မြောက်နေတုန်း ဖြစ်ပါတယ်။