ဖိလစ်ပိုင် ထောင်သား ၁၅ဝ ကျော် ထွက်ပြေး

phillipines
ဓာတ်ပုံ ပုံစာ,

ဖိလစ်ပိုင် ထောင်ဖောက်မှုက ကျန်ရစ်တဲ့ အကျဉ်းသားတွေ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း မင်ဒါနာအို ကျွန်းပေါ်က အကျဉ်းထောင်ကနေ အကျဉ်းသား ၁၅၀ ကျော် ထွက်ပြေး လွတ်မြောက် သွားခဲ့တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လက်နက် ကိုင်ဆောင်ထားသူတွေက လာရောက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Kidapawan City မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု အတွင်း အကျဉ်းထောင် အရာရှိ တယောက် သေဆုံးပြီး အကျဉ်းသား တယောက်ဒဏ်ရာ ရခဲ့ပါတယ်။

တိုက်ခိုက်သူ ၅ ယောက်လည်း သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ the Bangsamoro Islamic Freedom Fighters ဆိုတဲ့ အစွန်းရောက် မွတ်ဆလင် သူပုန် အဖွဲ့ ကို အာဏာပိုင်တွေက ပြစ်တင် ပြောဆိုပါတယ်။

ဖိလစ်ပိုင် အစိုးရနဲ့ တခြား မွတ်ဆလင် သူပုန်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို ဒီ သူပုန်အုပ်စုက တက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။