သန့်ရှင်းစွမ်းအင် ထုတ်လုပ်ရေး တရုတ် မြုပ်နှံ

ဓာတ်ပုံ မူပိုင် Andy Wong
Image caption တရုတ် လေထုညစ်ညမ်းမှု ဆိုးဆိုးဝါးဝါးခံနေရ

တရုတ်အစိုးရက သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒေါ်လာ ၃၆၀ ဘီလျံ ရင်းနှီးမြုပ်နှံပြီး ငါးနှစ်အတွင်း အလုပ်အကိုင် ၁၃ သန်းကျော် ဖန်တီးပေးသွားမယ်လို့ ပြောပါတယ်။

လေအား ရေအားသုံး ထုတ်လုပ်တဲ့ စွမ်းအင်လိုသန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ရေးကို အစိုးရက အထူးဦးစားပေး မူဝါဒအဖြစ် ချမှတ်ထားပါတယ်။

တရုတ်ဟာ လေထုညစ်ညမ်းမှု ဆိုးဆိုးဝါးဝါးခံနေရပြီး နိုင်ငံမြောက်ပိုင်းမှာ ကျောက်မီးသွေးသုံး လောင်စာစက်ရုံတွေက ထွက်တဲ့ မီးခိုးတွေကြောင့် ပြီးခဲ့တဲ့ လပိုင်းက စလို့ အနက်ရောင် မီးခိုးမြူထုကြီးက ဖုံးလွှမ်း နေခဲ့ပါတယ်။

လာမယ့် ငါးနှစ်အတွင်း တရုတ်ရဲ့ စွမ်းအင်ကဏ္ဍမှာ သန့်ရှင်းတဲ့စွမ်းအင် အသုံးပြုမှု ၁၅ ရာခိုင်နှုန်းပဲ ရှိနိုင်ဦးမယ်လို့ ဘေဂျင်းက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။