အပြန်အလှန်ထိုးနှက်ခဲ့ကြတဲ့ မင်းသမီးနဲ့ သမ္မတလောင်း

Image caption အပြန်အလှန်ထိုးနှက်ခဲ့ကြတဲ့ မင်းသမီးနဲ့ သမ္မတလောင်း

ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Golden Globes ရွှေကမ္ဘာလုံးရူပ်ရှင် ဆုပေးပွဲမှာ တစ်သက်တာ ထူးချွန်ဆုရခဲ့သူ ဟောလီးဝုဒ် မင်းသမီးကြီး မာရိုင်းလ် စထရိက သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ဝေဖန်တိုက်ခိုက် လိုက်ပါတယ်။

သူက ၂၀၁၆ ခုနှစ်အတွင်း ထူးခြားတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိခဲ့တဲ့ အထဲမှာ သူ မေ့လို့မရတာ တစ်ခုကတော့ မစ္စတာထရမ့်က မဲဆွယ်ပွဲတစ်ခုမှာ မသန်စွမ်း သတင်းထောက်တစ်ယောက်ကို သရော်ပြောင်လှာင် ခဲ့တဲ့ ဖြစ်ရပ်ပါပဲလို့ ဆုလက်ခံရင်း ပြောလိုက်ပါတယ်။

သြဇာအာဏာရှိသူတွေက သူတို့ရာထူးနေရာကို အသုံးပြုပြီး တစ်ဖက်သားကို အနိုင်ကျင့်ရင် အားလုံး ရှုံးတာပဲလို့ လည်း သူက ဆိုခဲ့ပါတယ်။

အခုလို မစ္စတာထရမ့်ရဲ့ အပြုအမူဟာ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခု မှာ ဖြစ်ခဲ့တာ မဟုတ်ပဲ အပြင်မှာ တကယ်ဖြစ်ခဲ့တဲ့အတွက်လည်း သိတ်ပြီး ထိတ်လန့် တုန်လှုပ်ခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။

မစ္စတာထရမ့်ကတော့ သူ့ တွစ်တာကနေ Ms Streep ဟာ ရှိတဲ့ အရည်အချင်းထက် ပိုသတ်မှတ်ခံထားရတဲ့ ဟောလီးဝုဒ် မင်းသမီးတစ်လက်လို့ တုံ့ပြန်လိုက်ပြီး မစ္စစထရိက ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ကို ထောက်ခံခဲ့တာကို ရည်ညွှန်းပြီး အရှုံးကြီး ရှုံးခဲ့သူလို့လည်း တန်ပြန်ထိုးနှက်လိုက်ပါတယ်။

တခါ သူက မသန်စွမ်းသတင်းထောက်ကို သရော်တာ မဟုတ်ကြောင်း၊ သတင်းထောက်က သူ့ရဲ့ သတင်းကို ပြောင်းလဲလိုက်တာကို ထောက်ပြခဲ့တာသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ