ဂမ်ဘီယာ နိုင်ငံရေး မငြိမ်မသက်မှုတွေ ဖြစ်ပေါ်

ဂမ်ဘီယာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

သမ္မတဟောင်း ယာယာ ဂျမား

အနောက်အာဖရိက နိုင်ငံ တစ်ခု ဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံမှာတော့ သမ္မတ ဟောင်း က ရာထူး ကနေ ဆင်းပေးဖို့ ငြင်းဆန် ခဲ့ပြီးနောက် စစ်ပွဲတွေ ဖြစ်ပွားလာ မှာ ကို စိုးရိမ်တဲ့ အတွက် အရပ်သား အများအပြားဟာ အိမ်နီးချင်း ဆီနီဂေါ နိုင်ငံထဲကို ထွက်ပြေး နေကြပါတယ်။

သမ္မတ ဟောင်း ယာယာ ဂျမား ကို ရာထူး လွှဲပြောင်း ပေးဖို့ အနောက် အာဖရိက နိုင်ငံ ခေါင်းဆောင် တွေက ဖျောင်းဖျ ခဲ့ပေမယ့် သူက ငြင်းဆန် ခဲ့တဲ့ အတွက် ဂမ်ဘီယာ နိုင်ငံရေး အခြေအနေ က စိုးရိမ်စရာ ဖြစ်လာခဲ့ရ တာပါ။

မစ္စတာ ဂျမား ဟာ ၁၉၉၄ ခုနှစ်မှာ စစ်တပ် အရာရှိ ဘဝ နဲ့ နိုင်ငံ့ အာဏာကို သိမ်းယူ ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၁၊ ၂၀၀၆ နဲ့ ၂၀၁၁ ရွေးကောက်ပွဲမှာ တော့ သူဟာ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရ ပေမယ့် ၂၀၁၆ ရွေးကောက်ပွဲမှာတော့ အဒါမာ ဘာရိုး ကို ရှုံးနိမ့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ တုန်း က ရွေးကောက်ပွဲမှာ အနိုင် ရရှိ ခဲ့တဲ့ အဒါမာ ဘာရိုး ကတော့ မစ္စတာ ဂျာမား အနေနဲ့ အခြေခံ ဥပဒေ ကို လိုက်နာဖို့ လိုပါတယ်။ သူနဲ့ တွေ့ဆုံ စကားပြောဖို့ အဆင်သင့် ဖြစ်နေကြောင်း နဲ့ ပြဿနာ ကို နိုင်ငံအတွင်းမှာသာ ဖြေရှင်း သင့်ပြီး နိုင်ငံတကာ ဝင်ရောက် စွက်ဖက် တာကိုလည်း အလိုမရှိပါဘူးလို့ ပြောခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ မစ္စတာ ဘာရိုး ဟာ အာဖရိက နိုင်ငံများ အသင်း ကြီးက ကိုယ်စားလှယ် အဖွဲ့တွေ နဲ့ အတူ ဂမ်ဘီယာ နိုင်ငံ အတွင်း က ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။

သမ္မတဟောင်း ယာယာ ဂျမား ကို ဂမ်ဘီယာ သမ္မတ အဖြစ် အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ အာဖရိက ယူနီယံ က ပြောကြားနေပါတယ်။

ဒါ့ အပြင် ရွေးကောက်ပွဲမှာ အနိုင်ရရခဲ့တဲ့ အက်ဒါမာ ဘာရိုး နဲ့ တွေ့ဆုံ ဆွေးနွေး ပြီး နိုင်ငံရေး နည်းလမ်း နဲ့ အဖြေရှာဖို့ အာဖရိက ယူနီယံ က တိုက်တွန်း နေပါတယ်။