ဘေဂျင်းလေသန့် ရည်မှန်းချက် WHOပြောတာထက် လျော့နေ

တရုတ်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

လတ်တလော မြို့တွင်း မြူခိုးထမှုတွေကြောင့် လေကြောင်းလိုင်း၊ ဆိပ်ကမ်းလုပ်ငန်းနဲ့ စာသင်ကျောင်းတွေအတွက် ရက်အတော်ကြာ အနှောက်အယှက် ဖြစ်ခဲ့

တရုတ်မြို့တော် ဘေဂျင်းရဲ့ ၂၀၁၇အတွက် လေထုအရည်အသွေး ရည်မှန်းချက်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ ပမာဏထက် ၂ဆကျော် ကွာနေပေမယ့် လက်ခံနိုင်စရာ ရှိတယ်လို့ ဘေဂျင်းမြို့တော်ဝန် မစ္စတာ ခိုင်းခန်က ပြောပါတယ်။

WHO က သတ်မှတ်ထားတဲ့ လေထု အရည်အသွေး သတ်မှတ်ချက်မှာ နှစ်စဉ် လေထု တကုဗ မီတာမှာ အန္တရာယ်ပေးနိုင်တဲ့ အမှုန် ၂၅ မိုက်ခရိုဂရမ်အထိပဲ ရှိသင့်တယ်ဆိုပေမယ့် ဘေဂျင်း ရည်မှန်းချက်အရ ၆၀ မိုက်ခရိုဂရမ်အထိပဲ ရည်မှန်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၆အတွင်း ဘေဂျင်းလေထု တကုဗ မီတာမှာ အန္တရာယ်ပေးနိုင်တဲ့အမှုန် ၇၃ မိုက်ခရို ဂရမ်အထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘေဂျင်းလေထု အရည်အသွေးဟာ ပြီးခဲ့တဲ့နှစ်က ပြန်တက်လာခဲ့ပေမယ့် လတ်တလော မြို့တွင်း မြူခိုးထမှုတွေကြောင့် လေကြောင်းလိုင်း၊ ဆိပ်ကမ်းလုပ်ငန်းနဲ့ စာသင်ကျောင်းတွေအတွက် ရက်အတော်ကြာ အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။

ဒီကိစ္စအတွက် မြို့တွင်းက နေ့ကလေးထိန်းကျောင်းနဲ့ စာသင်ကျောင်းတွေမှာ လေသန့်စက်တွေ တပ်ဆင်မယ်လို့ မြို့တော် အာဏာပိုင်တွေက အစောပိုင်းမှာ ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။