ဒုက္ခသည် စခန်း မှားယွင်းပြီး လေကြောင်း တိုက်ခိုက် ခံရ

Image caption လူ ၅၂ ယောက် သေဆုံးကာ ရာကျော် ဒဏ်ရာ ရ

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက် ဘက်မှာ ရှိတဲ့ ဒုက္ခသည် စခန်း တစ်ခုကို အစိုးရ စစ်တပ်က မှားယွင်းပြီး ဗုံးကြဲ မိခဲ့တဲ့ အတွက် အရပ်သား အများအပြား သေဆုံး သွားပါတယ်။

နိုင်ဂျီးရီးယား နဲ့ ကင်မရွန်း နယ်စပ်အနီး၊ Rann ဆိုတဲ့ ဒေသမှာ ရှိတဲ့ ဒုက္ခသည် စခန်း လေကြောင်း အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပြီး လူ ၅၂ ယောက် သေဆုံးကာ ရာကျော် ဒဏ်ရာ ရသွားကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

သေဆုံး သူတွေထဲ ကြက်ခြေနီ အဖွဲ့ကလို ဒုက္ခသည်တွေကို ကူညီနေတဲ့ သူတွေလည်း ပါဝင် နေပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်ဟာ အခင်းဖြစ်ရာ ဒေသထဲ အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် အဖွဲ့ကို တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

အခုလို ဒုက္ခသည် စခန်းက သူတွေ သေဆုံး ကုန်တဲ့ အတွက် အင်မတန် စိတ်မကောင်း ဖြစ်ရတယ် ဆိုပြီး နိုင်ဂျီးရီးယား သမ္မတ မိုဟာမက်ဒူ ဘူဟာရီက ဝမ်းနည်းကြောင်း သဝဏ်လွှာ ရေးသား ပေးပို့ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ