ဂမ်ဘီယာ သမ္မတ အာဏာလွှဲပေးဖို့ သဘောတူ

အက်ဒါမာ ဘားရိုး ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တုန်း က ဆီနီဂေါ နိုင်ငံထဲမှာရှိတဲ့ ဂမ်ဘီယာ သံရုံးမှာ သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိန်ဆို ခဲ့ရ
ဂမ်ဘီယာ နိုင်ငံကို ၂၂ နှစ်ကြာ အုပ်ချုပ် ခဲ့တဲ့ သမ္မတ ယာယာ ဂျမား ဟာ အခု ဆိုရင် အာဏာ လွှဲပြောင်း ပေး ပြီးနောက်မှာ တိုင်းပြည် ကနေ ထွက်ခွာ ဖို့ သဘောတူညီ လိုက်ပြီ ဖြစ်ပါတယ်။
အခြား အနောက် အာဖရိက နိုင်ငံတွေ ဖြစ်တဲ့ ဂီနီ နဲ့ မော်ရီတိန်းနီးယား နိုင်ငံက သမ္မတ တွေဟာ ဂမ်ဘီယာ သမ္မတ ယာယာ ဂျမား ကို အာဏာ လွှဲပြောင်း ပေးဖို့ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတ ယာယာ ဂျားမား အာ ပြီးခဲ့တဲ့ လမှာတုန်း က ရွေးကောက်ပွဲမှာ ရှုံး နိမ့် ခဲ့ပြီး အနိုင် ရရှိခဲ့တဲ့ အက်ဒမာ ဘားရိုး ကို အာဏာ လွှဲပြောင်း ပေးဖို့ ငြင်းဆန် နေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ အက်ဒါမာ ဘားရိုး ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တုန်း က ဆီနီဂေါ နိုင်ငံထဲမှာရှိတဲ့ ဂမ်ဘီယာ သံရုံးမှာ သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိန်ဆို ခဲ့ရတာ ဖြစ်ပါတယ်။