ဆီးရီးယား အစိုးရနဲ့ သူပုန်အုပ်စု ကိုယ်စားလှယ်တွေ စကားပြော

ကာဇက်စတန် နိုင်ငံမှာ ပြုလုပ် နေ
ဆီးရီးယား အစိုးရ ကိုယ်စားလှယ်တွေနဲ့ သူပုန် အုပ်စုတွေကို ကိုယ်စားပြု တက်ရောက် ကြသူတွေ ရဲ့ အစည်းအဝေး ပထမဆုံး နေ့ မှာ ဘယ်လို ထူးခြားတဲ့ တိုးတက်မှု တစုံတရာမှ မရရှိပဲ ပြီးဆုံး ခဲ့ပါတယ်။
ဒီ တွေ့ဆုံ စကားပြောပွဲကို ကာဇက်စတန် နိုင်ငံမှာ ပြုလုပ် နေတာ ဖြစ်ပြီး၊ ပွဲ ဖြစ်မြောက်အောင် ရုရှား၊ တူရကီနဲ့ အီရန်တို့က ကမကထလုပ် စီစဉ် ပေးကြတာ ဖြစ်ပါတယ်။
အဲဒီ စကားပြောပွဲ အစမှာပဲ အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင် ဘရှား အယ်-ဂျအာဖာရီက ပြောတဲ့ မိန့်ခွန်းထဲ အတိုက်အခံ ကိုယ်စားလှယ် ခေါင်းဆောင် မိုဟာမက်ဒ် အလုရှ် အပေါ် ဝေဖန် ထိုးနှက်တဲ့ စကားတွေ ပြောဆို ခဲ့ပါတယ်။
အတိုက်အခံ အုပ်စုတွေ ဘက်က ဦးဆောင် ဆွေးနွေးတဲ့ မစ္စတာ အလုရှ် ကလည်း သမ္မတ အာဆတ် ဦးဆောင်တဲ့ လက်ရှိ ဆီးရီးယား အစိုးရ ဟာ အကြမ်းဖက် သမားတွေ ဖြစ်ပြီး၊ သမ္မတ အာဆတ်ကို နေရာက ဖယ်ရှားရေး လုပ်ကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီ ဆွေးနွေးပွဲဟာ ဆီးရီးယား လက်နက်ကိုင် သူပုန် အုပ်စု တွေကို စကားဝိုင်းမှာ နိုင်ငံရေး အတိုက်အခံ တွေ အဖြစ် ဆီးရီးယား အစိုးရက အသိအမှတ် ပြုပြီး ပထမဆုံး အကြိမ် ဆွေးနွေး လာတာ ဖြစ်ပါတယ်။