မက္ကဆီကို နဲ့တံတိုင်းကာဖို့ ထရမ့် အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, AFP
မက္ကဆီကို နယ်စပ် ရဲ့ အချို့ နေရာတွေ မှာပဲ အတားအဆီး အကာအရံ တချို့ ရှိနေပြီး သမ္မတ ထရမ့် က နပ်စပ် တလျှောက် လုံးမှာ တံတိုင်း ဆောက်ဖို့ ညွှန်ကြား
အမေရိကန် နဲ့ မက္ကဆီကို နယ်စပ် တလျှောက် ကို တံတိုင်းကာမယ့် အစီအစဉ် ကို ဖော်ဆောင်မယ့် သမ္မတ အမိန့်ကို ဒေါ်နယ် ထရမ့် က အတည်ပြု လက်မှတ် ရေးထိုး ပြီး ညွှန်ကြားချက် ထုတ်ပြန် လိုက်ပြီ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ် ကာလ တလျှောက်လုံးမှာ သူ အဓိက ပြောကြား ခဲ့တဲ့ ကတိ စကား တစ်ခု ကို အကောင်အထည်ဖော် ဆောင်ရွက် လာတာ လည်း ဖြစ်ပါတယ်။
အမေရိကတိုက် အလယ်ပိုင်း က ရွှေ့ ပြောင်းဝင်ရောက် လာသူတွေ ဟာ မက္ကဆီ ကို နိုင်ငံ ကို ဖြတ်ကျော်ပြီး အမေရိကန် နိုင်ငံ ထဲကို အများအပြား ဝင်ရောက် နေပါတယ်။ အခု အစီအစဉ် က အမေရိကန် ရော မက္ကဆီကို အတွက်ပါ အကျိုးရှိမှာ ဖြစ်ပါတယ် လို့ ပြည်တွင်း လုံခြုံရေး ဌာန ကို ရောက်ရှိနေတဲ့ သမ္မတ ဒေါ်နယ် ထရမ့် က ပြောကြား ခဲ့ပါတယ်။
အခု လက်ရှိ အချိန်မှာ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ် ရဲ့ အချို့ နေရာတွေ မှာပဲ အတားအဆီး အကာအရံ တချို့ ရှိနေပြီး သမ္မတ ထရမ့် က နပ်စပ် တလျှောက် လုံးမှာ တံတိုင်း ဆောက်ဖို့ ညွှန်ကြား ခဲ့တာပါ။
ဒီတံတိုင်း အတွက် ကုန်ကျ စားရိတ် ကွန်ကရက် ရဲ့ အတည်ပြုချက် နဲ့ လောလော ဆယ်မှာ အမေရိကန် အစိုးရ က အရင်ကျ ခံထားပြီး မက္ကဆီကို အစိုးရ က ပြန်ပေး ရမယ်လို့ ဒေါ်နယ် ထရမ့် က ပြောကြားနေတာ ဖြစ်ပါတယ်။
မက္ကဆီကို အစိုးရ ကတော့ တံတိုင်း တည်ဆောင်မှု ကုန်ကျ စားရိတ် ကို ပေးမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆို ထားပါတယ်။