ဒီရေတောနား စွမ်းအင်စက်ရုံဆောက်တာကို ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, DESHAKALYAN CHOWDHURY
ဆန်ဒါဘန်တောထဲမှာ ရှားပါး ဘင်္ဂလားကျားတွေခိုလှုံ
ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဒီရေတောတွေနားမှာ ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံ တည်ဆောက်တာကို ကန့်ကွက်နေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ မြို့တော် ဒါကားမှာ တွန်းထိုး တိုက်ခိုက်ခဲ့ကြပါတယ်။
ရမ်ပဲလ်စွမ်းအင်စက်ရုံကို ဆန်ဒါဘန် ဒီရေတောတွေရဲ့ မြောက်ဖက် ၁၄ ကီလိုမီတာ လောက်မှာ တည်ဆောက်နေတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဒီရေတောကြီး ပျက်စီးသွားလိမ့်မယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သတိပေးနေပါတယ်။
ဆန်ဒါဘန်ဒီရေတောဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခွပြီး တည်ရှိတာဖြစ်ပြီး ရှားပါးဘင်္ဂလားကျားတွေနဲ့ ဧရာဝတီလင်းပိုင်တို့ ကျက်စားတဲ့ နေရာလည်းဖြစ်ပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ ဆန္ဒပြပွဲတွေဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ဆိုပါတယ်။
ရမ်ပဲလ် စက်ရုံဟာ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စေရေးအတွက် အရေးကြီးတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောနေပါတယ်။