မက္ကဆီကိုရဲ့ ပို့ကုန်တွေ အပေါ် အခွန် ၂ဝ% ထိ ကောက်ခံဖို့ ထရမ့် ပြင်ဆင်

ရှိလက်စ နှစ်နိုင်ငံကြား စည်းရိုး။
အမေရိကန် ပြည်ထောင်စုထဲကို ဝင်ရောက်လာမယ့် မက္ကဆီကို ကုန်စည်တွေ အပေါ် အခွန် ၂ဝ % အထိ စည်းကြပ်ပြီး၊ နှစ်နိုင်ငံ နယ်စပ်တလျှောက် တံတိုင်း တည်ဆောက်ရေးမှာ သုံးစွဲ သွားဖို့ သမ္မတ ထရမ့် စဉ်းစား နေတယ် ဆိုတဲ့ အချက် ထွက်ပေါ် လာပါတယ်။
အဲဒီလိုမျိုး သမ္မတသစ် ထရမ့် တကယ်တမ်း ဖော်ဆောင် လာမှာကို အမေရိကန် နိုင်ငံရေးနဲ့ စီးပွားရေး လောကထဲ စိုးရိမ် နေကြပါတယ်။
ဒီလောက် အခွန် နှုန်းထား ကြီကြီး ကောက်ခံရင် ကုန်သွယ်မှု ဖွံ့ဖြိုးရေး ထိခိုက် သွားလိမ့်မယ် လို့ ရီပတ်ပလစ်ကင် ဆီနိတ်တာ အမတ် လင်းဆေး ဂရေဟမ်က ပြောပါတယ်။
သမ္မတထရမ့် ရဲ့ အကြံအစည်ဟာ အမေရိကန် စီးပွားရေးကို အထိနာ စေနိုင်ပြီး၊ အလုပ်အကိုင် တွေလည်း ဆုံးရှုံး ကုန်လိမ့်မယ်လို့ တက္ကဆက် ပြည်နယ် စီးပွားရေး အသင်းက သတိ ပေးပါတယ်။
အမေရိကန် ဘက်က အခွန်းနှုန်း တိုးမြှင့်ရင် အမေရိကန် ပြည်သူတွေပဲ ပစ္စည်း တော်တော် များများကို စျေးကြီးကြီး ပေးပြီး ဝယ်စား လာရ လိမ့်မယ်လို့ မက္ကဆီကို ဘက်က ဆိုပါတယ်။