သမ္မတ အစီအစဉ်ကို မလုပ်နိုင်ရင် အလုပ်ထွက်လို့ အိမ်ဖြူတော် ဆို

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြို့ အတော်များများမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွား

မွတ်ဆလင် ၇ နိုင်ငံ က လူတွေ အမေရိကန် ထဲ လာရောက်ခွင့် ကန့်သတ်မှု အစီအစဉ် ကို မကျေမနပ် ဖြစ်ခဲ့ကြတဲ့ အမေရိကန် သံဝန်ထမ်း တွေ အနေနဲ့ အစီအစဉ် ကို အကောင်အထည် ဖော်မလား ဒါမှမဟုတ် အလုပ်ထွက် မလားလို့ သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ရှောင် စပိုက်စာ က ပြောကြားလိုက်ပါတယ်။

သမ္မတ ထရမ့် ရဲ့ အမိန့်ကြောင့် အမေရိကန်ကို လာရောက် လည်ပတ်မဲ့ ခရီးသွား၂ သန်း ကို ထိခိုက်မှုတွေ ရှိနေပြီး အကြမ်းဖက် သမား အနည်းငယ် ကို ထိန်းချုပ် ချင်တဲ့ ကိစ္စက အလုပ်မဖြစ်ဘူးလို့ သံတမန် တွေက မကျေမနပ် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်က အစည်းအဝေးမှာ ဒီ အစီအစဉ် က နိုင်ငံ ကို လုံခြုံစေပြီး သမ္မတ ရဲ့ အစီအစဉ်ကို အလွန်အကျွံ ဝေဖန်မှု တွေကို သတင်းဌာန တွေက လုပ်နေ တာ ဖြစ်ကြာင်း သမ္မတ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ရှောင် စပိုက်စာ က ကာကွယ် ပြောကြား ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနက သံတမန်တွေ နဲ့ အရာရှိ တွေ က သမ္မတ ထရမ့် ရဲ့ ယာယီ ပြည်ဝင်ခွင့် ကန့်သတ် အမိန့်ကို ဝေဖန်တဲ့ စာမူကြမ်းဟာ နိုင်ငံခြားရေး ဌာနမှာ ပျံ့နှံ့နေပါတယ်။

စာပါအကြောင်းအရာ တွေအရ မစ္စတာ ထရမ့် ရဲ့ အမေရိကန် လူမျိုးတွေကို အကြမ်းဖက်သူတွေ ရန်က ကာကွယ်ရေး ရည်ရွယ်ချက်ဟာ တန်ပြန် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အကြောင်း ဖော်ပြ ထားတာကို ဘီဘီစီက ဖတ်ရှုခွင့် ရခဲ့ပါတယ်။

ဒီစာပါ အချက်အလက်ကိုလည်း ရာနဲ့ချီတဲ့ ဝန်ထမ်းတွေက သဘောတူ လက်မှတ် ရေးထိုးထားတာပါ။ အခုလိုမျိုး ဝန်ထမ်းတွေ ဘက် က အစိုးရ ရဲ့ မူဝါဒ တွေ အပေါ်မှာ သဘောမတူနိုင်တဲ့ စာတွေ ကို သီးသန့် လမ်းကြောင်းကနေ ပေးပို့ခွင့် ရှိရာမှာ ကြောက်စရာ မလိုသလို၊ အရေးယူလည်း မခံရပါဘူး။

ဒါပေမယ့် ထရမ့် လက်ထက်မှာတော့ ဒီလိုပုံစံ မဆောင်တဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှု အသွင် ပြခဲ့ပါတယ်။ သမ္မတ အစီအစဉ် ကို ပုံကြီးချဲ့ ပြောခဲ့တယ် ၂၄ နာရီ အတွင်းမှာ တခြားနိုင်ငံ က လူပေါင်း သုံးသိန်း ကျော် ဝင်နေတာ ကို ပြောနေကြတယ်။

သမ္မတ ရဲ့ အစီအစဉ် က နိုင်ငံ ၇ နိုင်ငံ က လူတွေကို ပိတ်ပင် ခဲ့တာ ပါလို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ ရှောင် စပိုက်စာ က ပြောပါတယ်။ ပြီးတော့ နိုင်ငံခြားရေး ဌာနက ဝန်ထမ်းတွေ မကျေနပ်ရင် အလုပ်က ထွက်ပါလို့လည်း စိန်ခေါ်စကား ပြောကြား ခဲ့ပါတယ်။

မွတ်ဆလင် နိုင်ငံ ၇ နိုင်ငံ က လူတွေ အမေရိကန် ထဲ လာရောက်ခွင့်ကို ယာယီ ပိတ်ပင်ဖို့ ဆုံးဖြတ် ခဲ့တဲ့ သမ္မတ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင်ပြီး ဆန္ဒပြမှု တွေ နိုင်ငံ နေရာ အတော်များများ မှာ ဖြစ်ပေါ် နေပါတယ်။

အခု ထုတ်ပြန်ခဲ့တဲ့ သမ္မတ ညွှန်ကြားချက် က အမေရိကန် စံတန်ဖိုးတွေ နဲ့ လွဲချော် နေပါတယ်။ ဒါဟာ ခွဲခြား ဆက်ဆံမှု တစ်ခု ဖြစ်ပြီး ဒါကို လက်ခံလို့ မရပါဘူးလို့ ဝါရှင်တန် ပြည်နယ် အစိုးရ ကလည်း သမ္မတ အမိန့်ကို ရပ်တန့် ဖို့ ကြိုးစားမယ်ဆိုတဲ့ အကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေး အင်စလီ က ပြောပါတယ်။

သမ္မတ ထရမ့် ရဲ့ အမိန့် ကို ဆန့်ကျင် ဆန္ဒ ပြသူတွေ ဟာ ခွဲဲခြား ဆက်ဆံမှု ကို မလိုလားတဲ့ နိုင်ငံကြီး သားတွေ ဖြစ်ကြောင်း သမ္မတဟောင်း အိုဘားမား က အားပေး ချီးကျူး တဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။

ကိုးကွယ်တဲ့ ဘာသာတရား အပေါ် အခြေခံပြီး လူတစ်ဦးစီ ကို ခွဲခြား တဲ့ ဆက်ဆံ မှုတွေကို အိုဘားမား က နည်းနည်းလေးမှ လက်သင့် မခံဘူးလို့ သမ္မတ ဟောင်းရဲ့ ပြောရေး ဆိုခွင့် ရှိသူ ကယ်ဗင် လူးဝစ် က ပြောပါတယ်။

အမေရိကန် နဲ့ စံတန်ဖိုးတွေ ကျဆင်း လာမှာကို စိုးရိမ်လို့ ဆန္ဒပြသူတွေ ဟာ အခြေခံဥပဒေ နဲ့ အညီ တောင်းဆို နေတာ ဖြစ်ပြီးတော့ နိုင်ငံ အုပ်ချုပ် နေသူတွေ ဟာလည်း၊ ဆန္ဒပြသူတွေရဲ့ အသံကို နားထောင် သင့်ကြောင်း အိုဘာမား ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ