တောင်ကိုရီးယားသမ္မတ အိမ်ရှာခွင့်ပယ်ခံရ

korea

ဓာတ်ပုံ ရင်းမြစ်, ED JONES

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယား သမ္မတ နုတ်ထွက်ဖို့ ဆန္ဒပြခဲ့

တောင်ကိုရီးယားမှာ တရားစွဲခံထားရတဲ့ သမ္မတရဲ့ အိမ်တော်ကို ဝင်ရောက်ရှာဖွေခွင့်နဲ့ပတ်သက်ပြီး သမ္မတရုံးက ပယ်ချလိုက်ပါတယ်။

သမ္မတနဲ့ ပတ်သက်နေတဲ့ လာဘ်စားမှု အရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေက အခုလို ဝင်ရောက်ရှာဖွေခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ မစ္စ ပတ်ဂွန်ဟေးဟာ သူ့ရဲ့ အကြံပေးက ကုမ္ပဏီတွေကို ငွေအလှူခံတာကို ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံနေရတာ ဖြစ်ပါတယ်။

နိုင်ငံတော် လုံခြုံရေးကြောင့် ရှာခွင့်မပြုနိုင်ဘူးလို့ သမ္မတရုံးက ပြောပေမယ့် အစိုးရရှေ့နေတွေဘက်ကတော့ သက်သေ ဖျောက်ဖျက်မှု ရှိမရှိ သိရဖို့လိုတယ်လို့ ပြောပါတယ်။