ပြင်သစ်မှာ အကြမ်းဖက်ဖို့ လုပ်သူ ကို ဖော်ထုတ်

ဓာတ်ပုံ ရင်းမြစ်, AP
ဒူဘိုင်းမြို့ ကနေ တဆင့် ပဲရစ် မြို့ကို လေယာဉ် ခရီးစဉ် နဲ့ လာရောက် ခဲ့
ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြင်သစ် နိုင်ငံ လုဗ် ပြတိုက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြိုးစား ခဲ့သူဟာ အီဂျစ် နိုင်ငံသား ဖြစ်ပြီး အလည်အပတ် ဗီဇာ နဲ့ နိုင်ငံအတွင်း ကို ဝင်ရောက် ခဲ့သူ လို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။
အသက် ၂၉ နှစ် အရွယ် အီဂျစ် နိုင်ငံသား ဟာ ဒူဘိုင်းမြို့ ကနေ တဆင့် ပဲရစ် မြို့ကို လေယာဉ် ခရီးစဉ် နဲ့ လာရောက် ခဲ့သူ ဖြစ်ကြောင်း ပြင်သစ် အစိုးရ ရှေ့နေ က ပြောပါတယ်။
အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားတဲ့ အီဂျစ် နိုင်ငံသား နဲ့ အတူ နောက်ထပ် အပေါင်းအဖော်တွေ ပါ မပါ ဆိုတာ ကို ပြင်သစ် တာဝန် ရှိသူတွေက စုံစမ်း စစ်ဆေး နေပါတယ်။
အဲဒီလူဟာ အကြမ်းဖက် တိုက်ခိုက်ဖို့ အတွက် ဓါး နှစ်လက် ကို လည်း ယူဆောင် လာပြီး စစ်သား တစ်ယောက်ကို ခုတ်ဖို့ ကြိုးစားတဲ့ အချိန်မှာ သေနတ် နဲ့ ပစ်ခတ် ဖမ်းဆီး ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သည်းငြီးခံ