အမေရိကန် က အီရန် ကို အရေးယူပိတ်ဆို့ဆောင်ရွက်မှုတွေ စတင်

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
အမေရိကန် ရဲ့မစ်ဇိုင်း ကြားဖြတ်ဖျက်ချရေး သင်္ဘော USS Cole
အမေရိကန် သမ္မတဒေါ်နယ်ထရမ့် က အီရန်နဲ့ ဆက်ဆံတဲ့နေရာမှာ ဘာနည်းလမ်းကိုမှ ဖယ်ထုတ်ထားမှ မဟုတ်ဘူးလို့ ပြောခဲ့တာ တရက် လောက်ပဲကြာ ပြီးတဲ့နောက် အခုတော့ ဆန်ရှင် အရေးယူပိတ်ဆို့တာတွေ အိမ်ဖြူတော်က ကြေညာလိုက် ပါပြီ။ ဒီအကြောင်း တွေ ဒီမနက် အခုန သတင်းထဲမှာ ပြောတာထက် ပို ပြီး အသေးစိတ် လို့ ပြောပြပေးချင် ပါတယ်ဗျ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှု ကို အီရန် တို့က လုပ်ဆောင်လိုက်ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် မိုက်ကယ် ဖလင်း က အီရန်ရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ ကို သည်းညဉ်းခံမှာ မဟုတ်ဘူးလို့ ပြောခဲ့သလို သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ဆန်ရှင် ကြေညာချက်တွေ မထုတ်ခင် နာရီပိုင်း က ပဲ သူ့ တွစ်တာ ကနေ တဆင့် အီရန် ဟာ မီးနဲ့ကစားနေတာ၊ သမ္မတအိုဘားမားလက်ထက်တုန်း က သူတို့ ကို ကြင်ကြင်နာနာ ဆက်ဆံတာမျိုး သိပ်မကြိုက်ဘူးထင်တယ်၊ ငါ့ကို တော့ လာမလုပ်လေနဲ့ လို့ ပြောလိုက် ပါသေးတယ်။
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရှောင် စပိုက်ဆာ က အခု အမေရိကန် ဆန်ရှင် တွေချမှတ် လိုက်ပြီ လို့ ကြေညာလိုက်ပါတယ်။
လူနဲ့ ကုမ္ပဏီတွေစုစုပေါင်း ၂၅ ခု က အီရန် ရဲ့ ပဲထိန်းတပ် မစ်ဇိုင်းဒုံးကျည် အစီအစဉ်နဲ့ အစ္စလာမစ် တော်လှန်ရေး အစောင့်တပ် အတွက် အတွက် ထောက်ပံ့ပေးနေလို့ ဆန်ရှင်ချမှတ်လိုက်တယ်၊ ဇန်နဝါရီ ၂၉ ရက်တုန်းက ပစ်ခဲ့တဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသတ်မှု ကော အဲဒီ မစ်ဇိုင်းဒုံးကျည်အစီအစဉ် အတွက်ကော နောက်ပြီး အီရန် က အကြမ်းဖက် ဝါဒ ကို အားပေးနေတဲ့ အတွက် ရယ် ပါ ဒီ ဆန်ရှင်ချမှတ် တာလို့ သူက ဆိုပါတယ်။
အခု ပစ်မှတ်ထား ဆန်ရှင်ချ လိုက်တာ က လူပုဂ္ဂိုလ် ၁၃ ယောက် နဲ့ ကုမ္ပဏီ ၁၂ ခု ပါ။
သူတို့ ဟာ ယူအေအီး လက်ဘနွန်၊ တရုတ် စတဲ့နိုင်ငံတွေမှာ အခြေစိုက်ကြတာ ဖြစ်ပြီး အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် က သူတွေလည်း ပါပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
အီရန် နဲ့ ပြိုင်ဖက် ဖြစ်တဲ့ ဆော်ဒီအာရေဗျ က ထိပ်တန်း စစ်ရေး အကြံပေး ဗိုလ်မှူးချုပ် အာမက် အယ် လက်စီရီ က အီရန်အနေနဲ့ ဒေသတွင်းမှာလုပ်နေတဲ့ သူ့အပြုအမူတွေ ကို ပြောင်းဖို့ အချိန်ရောက်နေပြီလို့ ဘီဘီစီ ကို ပြောပါတယ်။
တဟီရန် ဟာ ဒေသတွင်းနိုင်ငံတွေ ဖြစ်တဲ့ အီရတ်၊ ဆီးရီးယား၊ ယီမင် စတဲ့ နိုင်ငံတွေ မှာ စွက်ဖက်လုပ်ဆောင်နေတာတွေ ကို ရပ်ဆိုင်းပြီး သူ့တပ်တွေ သူ့နိုင်ငံကို ပြန်ခေါ်ဖို့လိုတယ် လို့ သူက ဆိုပါတယ်။
အီရန် ကတော့ အမေရိကန် ဆန်ရှင် ဟာ အီရန် ရဲ့ နျူကလီးယားအစီအစဉ် ကို သဘောတူထားတဲ့ ကုလသမဂ္ဂ ကနေ ၂၀၁၅ တုန်း ကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ကို ဖောက်ဖျက်နေပြီ လို့ တုန့်ပြန်ပါတယ်။
အိမ်ဖြူတော် ကတော့ ဒီမစ်ဇိုင်း ဒုံးကျည် တွေ ဟာ နျူကလီးယား ထိပ်ဖူး တွေကို သယ်ဆောင်နိုင် တာကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ကို ချိုးဖောက်တာ လို့ ဆိုပြန်ပါတယ်။
ဒီ လို အခြေအနေတွေ ထဲ အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျဗက် ဇာရစ် ကတော့ သူတို့နိုင်ငံအနေနဲ့ အမေရိကန် လုပ်တာ ကို ဂရုစိုက်နေမှာ မဟုတ်၊ စစ်ကို တို့က မစပေမယ့် ငါတို့ ကာကွယ်ရေး နည်းလမ်းတွေ ကိုပဲ ငါတို့ အားကိုးမှာ လို့ ပြောနေပါတယ်။