အကောက်ခွန်ပိုင်းက အမေရိကန်ပြည်ဝင်ခွင့်ပြန်ဖွင့်

ထရမ့်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောထားတဲ့ ဘာသာတရားတခုက တခုထက်ပိုပြီး အခွင့်အရေးမရသင့်ဘူးဆိုတဲ့ အချက်ကို ဒီလို လူဝင်ခွင့် တားမြစ်မှုက ချိုးဖောက်နေတယ်လို့ တရားသူကြီးက ဆုံဖြတ်ခဲ့

အမေရိကန်သမ္မတ ထရမ့်က ပြည်ဝင်ခွင့် ပိတ်ထားတဲ့ မွတ်ဆလင် အဓိက နေထိုင်တဲ့ ၇ နိုင်ငံက လူတွေကို လာခွင့်ပြုဖို့ အမေရိကန် အကောက်ခွန်ဌာနက လေကြောင်းလိုင်းတွေကို အကြောင်းကြားလိုက်ပါတယ်။

ကာတာ လေကြောင်းလိုင်းကလည်း သွားမယ့် ခရီးသည်တွေကို ချက်ချင်းပို့ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု တရားသူကြီးတဦးက သမ္မတက အခုလို ပြည်ဝင်ခွင့် ပိတ်ပင်ထားခဲ့တဲ့ အမိန့်ကို ခေတ္တ ဆိုင်းငံ့ထားတာဖြစ်ပြီး ဒီကိစ္စအပေါ် အယူခံဝင်မယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောထားတဲ့ ဘာသာတရားတခုက တခုထက်ပိုပြီး အခွင့်အရေးမရသင့်ဘူးဆိုတဲ့ အချက်ကို ဒီလို လူဝင်ခွင့် တားမြစ်မှုက ချိုးဖောက်နေတယ်လို့ ဆီယက်တယ်မြို့က တရားသူကြီးက ဆုံဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်နဲ့ မီနီဆိုတာပြည်နယ်တွေက ရှေ့နေတွေက သမ္မတရဲ့ အမိန့်ဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုပြီး တရားစွဲဆို ရုံးတင်ခဲ့ကြတာပါ။

ဒါကြောင့် တရားသူကြီးက သမ္မတရဲ့ အမိန့်ဟာ ဖွဲ့စည်းပုံအရ ဘာသာတခုခုကို ခွဲခြားဆက်ဆံ ပြုမူတာမျိုး မလုပ်ရဘူးဆိုတဲ့ အချက်ကို ချိုးဖေါက်ရာရောက်တယ်ဆိုပြီး ယာယီဆိုင်းထားဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

အခုလို အခုတရားစွဲဆိုရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဒီမိုကရက်တဦးလဲဖြစ် ဝါရှင်တန်ပြည်နယ် ရှေ့နေချုပ် လဲ ဖြစ်တဲ့ ဘော့ ဖါဂူဆန်က ဒီဆုံးဖြတ်ချက်ဟာ သမိုင်းတွင်မယ့် ဆုံးဖြတ်ချက်လို့ ကြိုဆိုခဲ့ပြီး သမ္မတအနေနဲ့ ဒီအမိန့်ကို လေးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒါပေမယ့် ဆီယေတယ် တရားရုံးရဲ့ အခုတားဆီးမိန့်ကို ပယ်ဖျက်ဖို့ အမေရိကန် တရားရေးဌာနက ဥပဒေကြောင်းအရ လုပ်လာမယ်ဆိုရင် သမ္မတရဲ့ အမိန့် ဟာ ပြန်ပြီးအတည်ဖြစ်လာနိုင်ပါသေးတယ်။

အိမ်ဖြူတော်က ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ တရားရုံးအမိန့်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပထမဖေါ်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ ဖြုတ်ပစ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနိုင်ငံ ၇ နိုင်ငံ က လူတွေကို ဝင်ခွင့်ပိတ်တာဟာ ဥပဒေနဲ့ ညီပြီး ကျိုးကြောင်းဆီလျော်တယ်လို့ ရေးထားပါတယ်။

ဒီအမိန့်ကို သမ္မတ လက်မှတ်ရေးထိုးခဲ့ပြီး တပတ်အတွင်း အခြေအနေတွေ ဖရိုဖရဲ ဖြစ်သွားခဲ့တာပါ။ အမေရိကန်နိုင်ငံတဝန်းက လေဆိပ်တွေမှာ ကန့်ကွက်ဆန္ဒပြတာတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ တချို့ ခရီးသွားတွေ လှည့်ပြန်ခဲ့ရတာမျိုးတွေ ဖြစ်ခဲ့တာပါ။

နိုင်ငံ ၇ နိုင်ငံက ခန့်မှန်းချေ လူ ၅ သောင်းလောက် သူတို့ရဲ့ ပြည်ဝင်ခွင့် ဗီဇာတွေ ဖျက်သိမ်းခံခဲ့ရပါတယ်။

အခုတော့ အဲဒီ ဇီဇာတွေကို ပြန်ထုတ်ပေးမှာ ဖြစ်လို့ အခုအခါ အမေရိကန်ပြည်ထောင်စုကို ပြန်ဝင်ရောက်လာနိုင်တော့မှာလို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနပြောကြားကြောင်း ဝါရှင်တန်မှာရှိတဲ့ ဘီဘီစီ သတင်းထောက် အမေရိကန်နောက်မှာ David Willis က ပြောပါတယ်။