ဗီယက်နမ်မှာ လောင်းကစားခွင့် အကန့်အသတ်နဲ့ခွင့်ပြု

ဗီယက်နမ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက် လောင်းကစားတာကို လူမှုဘဝ အဆင်မပြေစေတဲ့ ကိစ္စအနေနဲ့ ပိတ်ပင်ချင်တဲ့သူတွေလည်း ရှိ

ဗီယက်နမ်နိုင်ငံမှာ လောင်းကစားမှုကို လောင်းနိုင်တဲ့ ကစားနည်း အကန့်အသတ်ထားပြီး လောင်းခွင့်ပြုဖို့ ဆုံဖြတ်လိုက်ပါတယ်။

လာမယ့် မတ်လကုန်ကစပြီး နိုင်ငံတကာ ဘောလုံးပွဲတွေ၊ မြင်းပွဲနဲ့ ခွေးပြိုင်ပွဲတွေမှာ အသက် ၂၁ ကျော်ပြီး တနေ့ ၄၄ ဒေါ်လာထက်မကျော်ရင် လောင်းကစားခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ တရားမဝင် လောင်းကစားဈေးကွက် ကြီးထွားနေတာ ကြာမြင့်နေပြီဖြစ်ပေမယ့် ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက် လောင်းကစားတာကို လူမှုဘဝ အဆင်မပြေစေတဲ့ ကိစ္စအနေနဲ့ ပိတ်ပင်ချင်တဲ့သူတွေလည်း ရှိနေပါတယ်။

ဗီယက်နမ်ဟာ ပုံမှန်အားဖြင့် နိုင်ငံခြားသားတွေအတွက် ဖွင့်တဲ့ ကာစီနို လောင်းကစားရုံတွေက လွဲလို့ ဘယ်လို လောင်းကစားမှုကိုမှ တရားဝင် ခွင့်မပြုဖို့ အမိန့်ထုတ်ထားခဲ့ပေမယ့် အခွန်ငွေရလမ်းတခု အဖြစ် ခွင့်ပြုဖို့ သင့်မသင့် နှစ် ၂၀ လောက် ငြင်းခုံပြီးမှ အခုလို အကန့်အသတ်နဲ့ ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။