ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ရဲ့ နိုဘယ်ဆုတံဆိပ်ကို ခိုးယူ

india

ဓာတ်ပုံ ရင်းမြစ်, MAURICIO DUENAS CASTANEDA

ဓာတ်ပုံ ပုံစာ,

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Kailash Satyarthi

အိန္ဒိယနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Kailash Satyarthi က သူ့အိမ်ကို ဖောက်ထွင်းဝင်ခဲ့တဲ့ သူခိုးတွေ က နိုဘယ် ဆုတံဆိပ် ပုံတူကို ခိုးယူသွားခဲ့တယ်လို့ ပြောပါတယ်။

ဒေလီမြို့တော်က သူ့အိမ်ကိုဖောက်ထွင်းပြီး နိုဘယ် ဆုလက်မှတ်နဲ့ တခြားပစ္စည်းတွေကိုလည်း ခိုးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

အိန္ဒိယ နိုင်ငံမှာ ကလေးလုပ်အား ခိုင်းစေမှုနဲ့ ကလေးမှောင်ခိုမှုတွေကို တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေကြောင့် ၂၀၁၄ ခုနှစ်က Kailash Satyarthi ကို နိုဘယ်ဆု အပ်နှင်းခံခဲ့ ရတာဖြစ်ပါတယ်။

သူနဲ့အတူ အာဖဂန် နစ္စတန်က မိန်းကလေး ပညာရေး လှုပ်ရှားသူ မာလာလာတို့ ပူးတွဲ ရရှိခဲ့ပါတယ်။

သူ့ရဲ့ မူရင်း ဆုတံဆိပ်ကတော့ အိန္ဒိယ သမ္မတ အိမ်တော်က ပြတိုက်မှာ ပြသ ထားပါတယ်။