အိန္ဒိယငွေထုတ်မှု တားမြစ်ချက် ဖယ်ရှား

india

ဓာတ်ပုံ ရင်းမြစ်, NARINDER NANU

ဓာတ်ပုံ ပုံစာ,

တထောင်တန်နဲ့ ငါးရာတန် ငွေစက္ကူတွေကို တရားမ၀င်ကြောင်း ကြေညာခဲ့

အိန္ဒိယမှာ လာမယ့် မတ်လ ၁၃ ရက်ကစလို့ ဘဏ်နဲ့ ငွေထုတ်စက်တွေကနေ ငွေထုတ်ယူမှုအပေါ် ကန့်သတ် တားမြစ်ချက်တွေ အကုန်လုံးကို ဖယ်ရှား တော့မှာ ဖြစ်ကြောင်း အိန္ဒိယ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာတုန်းက အိန္ဒိယမှာ တထောင်တန်နဲ့ ငါးရာတန် ငွေစက္ကူတွေကို တရားမ၀င်ကြောင်း ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ရုတ်တရက် ကြေညာခဲ့ပြီး ဘဏ်တွေက ငွေထုတ်မှုတွေကို ကန့်သတ်ခဲ့တဲ့ အပြင် တိုင်းပြည်တလွှားမှာ ငွေပေးငွေယူ ကိစ္စတွေ အပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။

အခုတော့ လူတွေဟာ ငွေထုတ်စက်နဲ့ ကိုယ့်ရဲ့ ငွေစု စာရင်းတွေကနေ တပတ်ကို ရူပီး နှစ်သောင်း လေးထောင် ထုတ်ယူနိုင် ပါတယ်။