ပုပ်ရဟန်း ရိုဟင်ဂျာတွေ အတွက် ဆုတောင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဗုဒ္ဓဟူးနေ့ ဆုတောင်း ဝတ်ပြုပွဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အတွက် ထည့်သွင်းဆုတောင်းခဲ့ပါတယ်။
သူတို့ဟာ သူတို့ ယဉ်ကျေးမှု ကိုကျင့်သုံးလိုတာ ၊ သူတို့ ယုံကြည်ရာ အစ္စလာမ် ဘာသာ ကို ကိုးကွယ်လိုတာကြောင့် နှစ်ပေါင်းများစွာ ဒုက္ခခံစား နေရတယ်၊ ညှဉ်းပန်း သတ်ဖြတ် ခံနေရတယ် လို့ ပြောကာ ဆုတောင်း ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေ အပေါ် ဆက်ဆံမှုတွေနဲ့ ပတ်သက်လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဝေဖန် ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေဟာ မြန်မာပြည်ထဲကနေ နှင်ထုတ် ခံနေရပြီး ဘယ်သူမှ သူတို့ကို မလိုလားတဲ့ အတွက် ရွှေ့ပြောင်းနေရတယ် လို့လည်း သူက ဆိုပါတယ်။
မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စံနစ်တကျ သတ်ဖြတ်မှု ၊ အုပ်စုလိုက် အဓမ္မ ပြုကျင့်မှု တွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ တသိန်းလောက် နေရပ်စွန့်ခွာ ပြေးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။