အမေရိကန် ရှေ့နေချုပ် အသစ် ကျမ်းသစ္စာကျိန်ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှေ့နေချုပ်သစ် ဂျက်ဖ် ဆက်ရှင်းစ်
သမ္မတထရမ့်က ရှေ့နေချုပ်အဖြစ်အဆိုပြုခဲ့ပြီး အထက်လွှတ်တော်မှာ မဲခွဲပြီးအတည်ပြု စေတဲ့ပွဲမှာ ထောက်ခံမဲ ၅၂ မဲ ကန့်ကွက်မဲ ၄၇ မဲနဲ့ ရှေ့နေချုပ်အဖြစ် အတည်ဖြစ်လာခဲ့တဲ့ မစ္စတာ ဂျက်ဖ် ဆက်ရှင်းစ် ဟာ မစ္စတာ ထရမ့်ရဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ကိုဆန့်ကျင်တဲ့ ပေါ်လစီ တွေကိုအားပေးထောက်ခံကြသူလို့ အများက မြင်ကြတဲ့အတိုင်းပဲ သူ ကရွှေ့ပြောင်းဝင်ရောက်လာသူတွေ တွေ ပြည်ဝင်ခွင့်ပေးရေးနဲ့ ပတ်သက်တဲ့ ဥပဒေ စနစ် ကို အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပေးမယ့် စနစ်ဖြစ်အောင်လုပ်မယ်၊ ဒီလိုလုပ်တာ ဟာ အမှားလုပ်တာမဟုတ်ဘူး၊ ကျင့်ဝတ်မပြည့်ဝတာ မဟုတ်ဘူး၊ မယဉ်ကျေးတာ မဟုတ်ဘူး ပြောသွားပါတယ်။
မစ္စတာ ဆက်ရှင်းစ် ဟာ နိုင်ငံအတွင်း က ရာဇဝတ်မှု ပြဿနာတွေကိုလည်း ကိုင်တွယ်ဖြေရှင်း မယ်လို့လည်း ကတိပြုပါတယ်။
အခု ဆိုရင် တရားရေးဌာန ကို သူဦးဆောင် ရတော့မှာဖြစ်ပြီး တရားလို ရှေ့နေပေါင်း ၉၃ ယောက် အပါအ၀င် အမှုထမ်းပေါင်း တသိန်းတသောင်း သုံးထောင် ကျော်ကို သူ စီမံခန့်ခွဲ ရတော့မှာပါ။
ရှေ့နေချုပ် ဂျက်ဖ ဆက်ရှင်း ဟာ ၁၉၈၆ မှာ သူ ဖက်ဒရယ် တရားသူကြီးတယောက်အဖြစ်တာဝန်ယူ ဖို့ စတင်ခဲ့တဲ့အချိန်မှာ ကတည်းက ကန့်ကွက်တာတွေ ညံအောင် ခံရဘူးသူပါ။
သူဟာ လူမျိုးရေးခွဲခြားတဲ့အမြင်ရှိတယ်၊ အမေရိကန် လူမဲတွေရဲ့ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုတွေ ကို ဆန့်ကျင်ခဲ့တဲ့သူလို့ ဝေဖန် ခံရသူပါ။
အရင် လူမဲခေါင်းဆောင် မာတင်လူသာကင်း ရဲ့ ဇနီး ဖြစ်သူ ကိုယ်တိုင် က မစ္စတာ ဆက်ရှင်းစ် ဟာ လူမဲ မဲဆန္ဒရှင်တွေကို မဲပေးလို့ မရဲအောင်ခြိမ်းခြောက်ခဲ့တဲ့လူ လို့ စွပ်စွဲဖူး ပါတယ်။
သူဟာ လူမျိုးရေး ခွဲခြားတာ မလုပ်တဲ့သူပါလို့ သူ့ ကိုထောက်ခံသူတွေ က သူဟာ နိုင်ငံသားအခွင့်အရေး တိုက်ပွဲဝင်ခဲ့တဲ့ လူမဲအမျိုးသမီး ရိုဇာပတ်ခ်စ် ကို ကွန်ကရက်လွှတ်တော်က ဆုတံဆိပ်ချီးမြှင့်တာ ကို ထောက်ခံခဲ့တဲ့ သူပါလို့ မစ္စတာ ဆက်ရှင်း ဘက်ကနေ ကာကွယ်ပြော ကြပါတယ်။
အခုတော့ ရှေ့နေချုပ်တာဝန်နဲ့သူဟာ အမေရိကန် တွေရဲ့အလုပ်တွေကို ကာကွယ်ဖို့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ကန့်သတ်ဖို့ နဲ့ မက္ကဆီကို နယ်စပ်မှာ တံတိုင်းကာဖို့ စတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမြင်တွေကို ထောက်ခံအကောင်အထည်ဖော် တော့မှာ ပါ ။