မက္ကဆီကိုမှာ ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြနေကြ

ဓာတ်ပုံ မူပိုင် Reuters
Image caption မက္ကဆီကန် တွေ အပေါ်မှာ ခွဲခြား ဆက်ဆံ မှုတွေ ဆောင်ရွက်နေသူ ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်

နှစ်နိုင်ငံ နယ်စပ် မှာ တံတိုင်း ခတ်မယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ မူဝါဒ တွေကို ဆန့်ကျင်တဲ့ ဆန္ဒ ပြပွဲတွေ မက္ကဆီကို နိုင်ငံတဝှမ်းမှာ ဖြစ်ပွား နေပါတယ်။

ဒါ့ အပြင် ဒေါ်နယ် ထရမ့် ပြောကြား ခဲ့တဲ့ မက္ကဆီကို နိုင်ငံဘက်က တံတိုင်း ကုန်ကျ စားရိတ် ကို ပေးဆောင်ရမယ် ဆိုတဲ့ ကတိ စကားကိုလည်း မက္ကဆီကို ပြည်သူ တွေက အပြင်းအထန် ကန့်ကွက် နေကြပါတယ်။

ထောင်နဲ့ချီတဲ့လူတွေဟာ နိုင်ငံ အလံ တွေကို ကိုင်ဆောင် ထားကြပြီး ဒေါ်နယ် ထရမ့် ဟာ လူမျိုးရေး ခွဲခြားသူ၊ မက္ကဆီကန် တွေ အပေါ်မှာ ခွဲခြား ဆက်ဆံ မှုတွေ ဆောင်ရွက်နေသူ ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ် နေကြပါတယ်။

အဲဒီ ဆန္ဒ ပြပွဲတွေ ကို တက္ကသိုလ် ကျောင်းပေါင်းစုံ၊ စီးပွားရေး လုပ်ငန်းတွေ က ဝန်ထမ်း တွေနဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ စုပေါင်းပြီး ကျင်းပနေတာ လည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ ရှိနေတဲ့ မက္ကဆီကို နိုင်ငံသားတွေ ဟာ ပြည်နှင်ဒဏ် ပေးခံရမဲ့ အန္တရာယ် နဲ့ ရင်ဆိုင်နေရပြီး သူတို့နဲ့ တသားထဲ ရှိကြောင်း ပြသ လိုတဲ့ အနေနဲ့ အခုလို ဆန္ဒပြပွဲ ကို စီစဉ် ခဲ့တာ ဖြစ်ကြောင်း ဦးဆောင်သူတွေက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ