မြောက်ကိုရီးယား စမ်းသပ်မှုတရုတ်ဆန့်ကျင်

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်

မြောက်ကိုရီးယား နိုင်ငံက အခုနောက်ဆုံး ထိပ်ဖူးတပ်ဒုံးကျည်စပ်းသပ်တာကို တရုတ်နိုင်ငံက ပထမဆုံးတရားဝင် တုန့်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျင်ရှောင်က ဒီစမ်းသပ်မှုကို ဆန့်ကျင်ကြောင်း ပြောသွားပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး အခုစမ်းသပ်တာကို တရုတ်ကဆန့်ကျင်ကြောင်း အခုအခါ ကိုရီးယားကျွန်းဆွယ်ကတင်းမာမှုကို ပိုဆိုးစေနိုင်တဲ့ ရန်စတဲ့အပြုအမူတွေကို ဘက်အားလုံးကထိန်းသိမ်းကြဖို့လိုပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပူးပေါင်း ထိန်းသိမ်းဖို့ပြောခွင့်ရသူက တိုက်တွန်းသွားပါတယ်။

အခုလိုစမ်းသပ်ရတာဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ကမြောက်ကိုရီးယားတို့ကြား တင်းမာမှုကြောင့်ဖြစ်တာလို့သူက ဆိုပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ကတော့ တရုတ်ဘက်က မြောက်ကိုရီးယား နူကလီယား အစီအစဉ်ရပ်ဆိုင်းအောင် အလုံအလောက် မကြိုးပမ်းဘူးလို့ဝေဖန်ပါတယ်။ ဒီနေ့နှောင်းပိုင်းမှာ ကုလသဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုအတွက် အရေးပေါ်ဆွေးနွေးမှာဖြစ်ပါတယ်။