မြောက်ကိုရီးယား ခေါင်းဆောင်အစ်ကို သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, STR
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ရဲ့ ဖအေတူ မအေကွဲ ညီအစ်ကို တော်စပ်တဲ့ ကင်ဂျုံနမ်း ကွာလာလမ်ပူမှာ သေဆုံးကြောင်း မလေးရှားရဲက အတည်ပြုပါတယ်။
ကင်ဂျုံနမ်း လေဆိပ်မှာ အသတ်ခံရတာလို့ မလေးရှား ဝန်ကြီးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သူ့အလောင်းကို ရင်ခွဲစမ်းသပ်နေပါတယ်။
သေဆုံးမှုမှာ အဆိပ်ပါတယ်လို့ သူ့မိသားစုနဲ့ နီးစပ်တဲ့ ရင်းမြစ်တခုက ဆိုပြီး အမျိုးသမီး ၂ ယောက်က အဆိပ်ပါတဲ့ အပ်သုံးပြီး သူ့ကို သတ်တာလို့လည်း တောင်ကိုရီးယား သတင်းဌာန တခုက ရေးပါတယ်။
ကင်ဂျုံနမ်းဟာ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီး ရဲ့ သားအကြီးဆုံးပါ။
သူ ခေါင်းဆောင်နေရာ မရတဲ့ နောက် နိုင်ငံက ထွက်ပြေးနေတယ်လို့ ယူဆကြပါတယ်။