အစ္စရေး ပါလက်စတိုင်း ပဋိပက္ခအရေး သမ္မတ ထရမ့်ပြော

us, israel, palestine

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ပါလက်စတိုင်း အစ္စရေး ပဋိပက္ခ ဖြေရှင်းရေး အမေရိကန် ပေါ်လစီပြောင်း

လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံကို အစ္စရေးနိုင်ငံနဲ့ ယှဉ်တွဲ ထူထောင်ရေး ဆိုတဲ့ နည်းလမ်းပေါ် အခြေခံပြီး အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး သဘောတူကြဖို့ အမေရိကန် အစိုးရအနေနဲ့ ဆက်တောင်းဆိုတော့မှာ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်မှာ အစ္စရေး ဝန်ကြီးချုပ် နက်တာညာဟုနဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ထရမ့်က အစ္စရေး ပါလက်စတိုင်း ပဋိပက္ခကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို သက်ဆိုင်သူတွေကပဲ ဆုံးဖြတ်သင့်တယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း နှစ်ဘက်စလုံးအနေနဲ့ ညှိနှိုင်း အလျှော့ပေးမှုတွေ လုပ်ရမှာ ဖြစ်တယ်လို့ သူက ပြောခဲ့ပြီး အစ္စရေးတို့ အနေနဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ဂျူးအခြေစိုက် အိမ်ယာ ဆောက်လုပ်နေမှုတွေကို ဆိုင်းငံ့ထားဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

မစ္စတာ နက်တာညာဟုကတော့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အစ္စရေးတို့ဘက်က လုံခြုံရေး ဆက်ထိန်းချုပ်ထားဖို့ လိုတယ်လို့ ပြောသွားပါတယ်။

ပါလက်စတိုင်းတွေဘက်ကတော့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး နည်းကိုပဲ ဆက်လုပ်သွားမယ်လို့ အခိုင်အမာ ပြောထားပါတယ်။