မီဒီယာတွေကို တိုက်ခိုက်တာ စလိုက်တဲ့ သမ္မတ ထရမ့်

ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

သမ္မတထရမ့်က မီဒီယာတွေ ကို ခပ်ထန်ထန် တိုက်ခိုက်ပြောဆို

အမေရိကန် သမ္မတ ထရမ့်က သူ့အစိုးရအဖွဲ့ တာဝန်စ လွှဲပြောင်းယူတဲ့ အစပိုင်း သီတင်းပတ်တွေအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့ပုံတွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုလိုက်ပြီး သူ့အစိုးရအဖွဲ့ လုပ်ဆောင်ပုံတွေကို မီဒီယာ တွေက မရိုးမသား ဖေါ်ပြခဲ့တဲ့အကြောင်း သူ့ရဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

TV ဖွင့်လိုက်ရင်ပဲ ဖြစ်ဖြစ် သတင်းစာ ဖတ်လိုက်ရင်ပဲ ဖြစ်ဖြစ် ကသောင်းကနင်းဖြစ်နေပြီဆိုတဲ့ ပုံမျိုးနဲ့ရေးတဲ့ သတင်းမျိုးတွေပဲ တွေ့ခဲ့ရတယ်၊ တကယ်တမ်းမှာ လုံးဝ ဖီလာဆန့်ကျင် ပါ၊ ဒီအစိုးရအဖွဲ့ဟာ ကိစ္စဝိစ္စတွေကို အကောင်းဆုံးဖြစ်အောင် အသေးစိတ် စိစစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်လို့ သမ္မတ ထရမ့်က ပြောသွားပါတယ်။

သတင်းဌာနတွေရဲ့မရိုးသားပုံက ထိန်းမနိုင် သိမ်းမရ အခြေအနေ ရောက်နေတယ်လို့လည်း ဆိုပါတယ်။

မွတ်ဆလင်အများစု နေထိုင်တဲ့ နိုင်ငံ ၇ခုက နိုင်ငံသားတွေကို အမေရိကန်ထဲ လာခွင့် ပိတ်ပင်ဖို့ သူ့ရဲ့ အငြင်းပွားစရာ ကန့်သတ်မိန့် ကိုလည်း ပြန်ပြင်ဆင်ပြီး လာမယ့် အပတ်မှာ ထုတ်ပြန်မယ်လို့ သမ္မတ ထရမ့်က ပြောသွားပါတယ်။

တခါ အမေရိကန် အလုပ်သမား ဝန်ကြီးအဖြစ် Alexander Acosta ကို ထပ်အဆိုပြုကြောင်းကိုလည်း သမ္မတ ထရမ့်က ထုတ်ဖော် ကြေညာသွားပါတယ်။

တကယ်လို့ မစ္စတာ Acosta သာ အလုပ်သမား ဝန်ကြီးအဖြစ် အတည်ပြု ခံရမယ်ဆိုရင် သူဟာ ထရမ့်အစိုးရ ဝန်ကြီးအဖွဲ့တွင်း ပထမမြောက် လက်တင်အမေရိကနွယ်ဖွား ဝန်ကြီး ဖြစ်လာပါလိမ့်မယ်။