ထရမ့် အဆိုပြုထားသူ အီးပီအေ အကြီးအကဲ ဖြစ် ကျမ်းကျိန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂတ်စ် နဲ့ ကျောက်မီးသွေး ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေနဲ့ ပတ်သက်မှု ရှိခဲ့

အမေရိကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ အဖြစ် သမ္မတ ဒေါ်နယ် ထရမ့် က အဆိုပြု ထားတဲ့ စကော့ ပရူးအစ် ကို ဆီးနိတ် က အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

ဆီးနိတ်မှာ လုပ်တဲ့ အတည်ပြု ရွေးချယ် ပွဲမှာတော့ ထောက်ခံမဲ ၅၂ မဲ ကန့်ကွက်မဲ ၄၆ မဲ နဲ့ သမ္မတ အဆိုပြု သူကို့ အတည်ပြု ခန့်အပ်ကြောင်း ဆီးနိတ် ဥက္ကဋ္ဌ က ကြေညာ ခဲ့ပါတယ်။

စကော့ ပရူးအစ် ကို အတည်ပြု ခန့်အပ်ဖို့ ဆီးနိတ်မှာ မဲခွဲစဉ် ဒီမိုကရက် အမတ် တွေက အချိန်ဆွဲဖို့ ကြိုးစား ခဲ့ကြပါတယ်။

အိုကလာဟိုးမား ပြည်နယ် တရားရေး ဌာန အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် ခဲ့စဉ် က စကော့ ပရူးအစ် ဟာ ဂတ်စ် နဲ့ ကျောက်မီးသွေး ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေနဲ့ ပတ်သက်မှု ရှိခဲ့တာကြောင့်ပါ။

အဲဒီ အတွက် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အေဂျင်စီ အကြီး အကဲ အဖြစ် အဆိုပြုခဲ့မှုကို ဒီမိုကရက် တွေ နဲ့ Green Peace တို့လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက နဲ့ ဆန့်ကျင် ကန့်ကွက် ခဲ့ကြတာပါ။

သမ္မတ အိုဘားမား လက်ထက် မှာတုန်း က သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အေဂျင်စီ ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မကျေနပ် တဲ့အတွက် စကော့ ပရူးအစ် ဟာ အကြိမ်ကြိမ် တရားစွဲဆို ခဲ့ဖူးပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ ကို စကော့ ပရူးအစ် က ပြုပြင် ပြောင်းလဲ နိုင်မှာ ဖြစ်ကြောင်း ရီပတ်ဘလီကန် အမတ် တွေ ကတော့ ခုခံ ပြောကြား နေကြပါတယ်။