တိုကျိုမှာ လာအပ်တဲ့ ပျောက်ရှပိုက်ဆံ တန်ဖိုး စံချိန်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption ခေတ်ပေါ်လူသုံးကုန် ပစ္စည်းတွေဟာ အလွယ်တကူ သယ်သွားလို့ရတဲ့အတွက် အထားမှားပြီး ပျောက်ဖို့လည်း ပိုလွယ်လာတယ်လို့ ရဲတွေက ပြော

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြီးခဲ့တဲ့နှစ်က အထားမှားပြီး ကျန်ရစ်ခဲ့တဲ့ ပိုက်ဆံတွေ ရဲဌာနကို လာအပ်တာ အမေရိကန် ဒေါ်လာ ၃၂သန်းတန်ဖိုးအထိ ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွက် မှတ်တမ်းတင်ခဲ့တဲ့ ဒီပမာဏဟာ တိုကျိုမြို့အတွက် စံချိန်ချိုးခဲ့တဲ့ တန်ဖိုးလည်း ဖြစ်ပါတယ်။

အခုလို လာအပ်တဲ့ အထဲမှာ ထီးနဲ့ ဖုန်းလို ပစ္စည်းတွေသာမက အိမ်မွေးတိရိစ္ဆာန်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ခေတ်ပေါ်လူသုံးကုန် ပစ္စည်းတွေဟာ အလွယ်တကူ သယ်သွားလို့ရတဲ့အတွက် အထားမှားပြီး ပျောက်ဖို့လည်း ပိုလွယ်လာတယ်လို့ ရဲတွေက ပြောပါတယ်။

ဂျပန်မှာ သူများ ကျန်ခဲ့တဲ့ ပစ္စည်းကို ရိုးရိုးသားသား လာအပ်တယ်ဆိုရင် သုံးလ အတွင်း လာယူသူမရှိရင် တွေ့တဲ့သူက ယူခွင့်ရှိတဲ့ စည်းကမ်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ