တောင်ဆူဒန်က လူတစ်သိန်းလောက် ငတ်မွတ်ခေါင်းပါးနေ

Families with malnourished children wait to receive treatment at the Leer Hospital, South Sudan, 7 July 2014

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပြည်တွင်းစစ်နဲ့ စီးပွားရေး ပြိုလဲမှုတို့ကြောင့် ငတ်မွတ်ခေါင်းပါးမှုဖြစ်

တောင်ဆူဒန် နိုင်ငံရဲ့ တချို့ ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ ခြောက်နှစ် အတွင်း ကမ္ဘာပေါ်မှာ ပထမဆုံး ငတ်မွတ်ခေါင်းပါးမှု ဖြစ်တဲ့အကြောင်း ကြေညာတာ ဖြစ်ပါတယ်။

တောင်ဆူဒန် အစိုးရနဲ့ ကုလသမဂ္ဂတို့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ လူပေါင်း တစ်သိန်းဟာ စားနပ်ရိက္ခာ ပြတ်လပ် နေပြီး တစ်သန်းကျော်ဟာ ငတ်မွတ်ဘေး ကျရောက်တော့မယ့် အခြေအနေရှိနေတယ်လို့ ပြောထားပါတယ်။

အခုလို ငတ်မွတ်တဲ့ ဘေးကြုံရတာက ပြည်တွင်းစစ်နဲ့ စီးပွားရေး ပြိုလဲမှုပေါင်းစပ် ဖြစ်ပေါ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ယီမင်၊ ဆိုမာလီယာနဲ့ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းတို့မှာ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နိုင်တယ်လို့ အချိန်အတော်ကြာ သတိပေးမှုတွေ ထွက်နေခဲ့ပေမဲ့ တောင်ဆူဒန်ကတော့ ငတ်မွတ်ဘေး ကြုံနေရပြီလို့ ပထမဆုံး ကြေညာတဲ့ နိုင်ငံ ဖြစ်ပါတယ်။