အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးသစ် ခန့်အပ်

us, trump, mcmaster

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

ဗိုလ်ချုပ်ကြီး H R McMaster ဟာ ပင်ကိုယ်စွမ်းရည် ပြည့်စုံသူလို့ သမ္မတ ထရမ့်ပြော

အမေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ်သစ် အဖြစ် ဗိုလ်ချုပ်ကြီး H R McMaster ကို သမ္မတ ထရမ့်က ခန့်အပ်လိုက်ပါတယ်။

သူဟာ ပင်ကိုယ်စွမ်းရည်နဲ့ ပြည့်စုံပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့ သမ္မတ ထရမ့်က ဖေါ်ညွှန်း ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး H R McMasterဟာ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ရာထူးကနေ Michael Flynn နုတ်ထွက်သွားကတည်းက ယာယီ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ Keith Kellogg နဲ့အတူ ပူးတွဲ လုပ်ကိုင်မှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း John Bolton ကလည်း ပံ့ပိုး ကူညီမှာ ဖြစ်ပါတယ်။

သမ္မတ ထရမ့် ပထမဦးစားပေး ရွေးချယ်ထားတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Robert Howard က သူ့ကမ်းလှမ်းချက်ကို လက်မခံ ငြင်းဆန်ခဲ့အပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်အတွင်း သမ္မတ ထရမ့်က သူတို့ ၃ဦးစလုံးကို တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။