အဇာဘိုင်ဂျန် သမ္မတကတော်ကို ဒုသမ္မတခန့်

Azerbaijan

ဓာတ်ပုံ ရင်းမြစ်, Ivan Sekretarev

ဓာတ်ပုံ ပုံစာ,

အဇာဘိုင်ဂျန် သမ္မတနဲ့ သမ္မတကတော်

အဇာဘိုင်ဂျန်မှာ သမ္မတကတော် Mehriban ကို သမ္မတ Ilham Aliyev က သူ့ရဲ့ ဒုတိယ သမ္မတ တဦးအဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒီရာထူးကို မနှစ်က အဇာဘိုင်ဂျန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီးနောက် ဖန်တီးလိုက်တာပါ။

Mehriban Aliyeva ဟာ အဇာဘိုင်ဂျန်ရဲ့ အာဏာအရှိဆုံး မိသားစုကြီး တခုက လာပါတယ်။

သူဟာ ဆေးပညာ သင်ကြားခဲ့ပြီး လွှတ်တော်အမတ် တဦး လည်း ဖြစ်ပါတယ်။

သူ့ ခင်ပွန်းရဲ့ ဖခင်ဟာ အရင် ဆိုဗီယက်ခေတ်က KGB မှာ ထောက်လှမ်းရေး အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူ့အတွက် အမှတ်တရ ဖောင်ဒေးရှင်း တခုမှာလည်း Mehriban က ကြီးမှူး ကွပ်ကဲ နေပါတယ်။

မနှစ်က ပေါက်ကြားခဲ့တဲ့ ဗြိတိသျှ ထောက်လှမ်းရေး မှတ်တမ်းတွေ အရ သမ္မတ ကတော်ဟာ လွှတ်တော်အမတ် ဖြစ်ပေမယ့် နိုင်ငံရေး အကြောင်းတွေ သိပ်နားမလည်ဘူးလို့ ဆိုပါတယ်။