နေစကြဝဠာ အပြင်ဘက်မှာ ဂြိုဟ် ၇ခုတွေ့

plant,nasa, Trappist-1

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

Trappist-1 လို့အမည်ပေးထားတဲ့ နောက် စင်္ကြာဝဠာတခုကို ဂြိုဟ်၇ခုက လှည့်ပတ်နေ

နေစကြဝဠာ အပြင်ဘက်မှာ ကမ္ဘာလုံး အရွယ် ဂြိုဟ် ၇ခုကို နက္ခတ္တ ဗေဒ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီ ဂြိုဟ် ၇ခုစလုံးရဲ့ မျက်နှာပြင်မှာ အရည်တွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီထဲက ၃ခုကပဲ သက်ရှိတွေ နေထိုင်နိုင်တဲ့ ဇုံအတွင်းမှာ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီဂြိုဟ်တွေဟာ ကမ္ဘာမြေကြီးကနေ အလင်းနှစ် ၄၀လောက်အကွာမှာ ရှိတဲ့ Trappist-1 လို့အမည်ပေးထားတဲ့ နောက် စကြဝဠာ တခုကို လှည့်ပတ်နေတာ ဖြစ်ပါတယ်။

ဒီဂြိုဟ်စုကို ရှာတွေ့ခဲ့တဲ့အတွက် နက္ခတ္တ ဗေဒ သိပ္ပံပညာရှင်တွေ အကြီးအကျယ် စိတ်လှုပ်ရှားနေကြပါတယ်။

အရင်ကလည်းနေစကြဝဠာ အပြင်ဘက်မှာ ဂြိုဟ်အတော်များများကို ရှာတွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး တွေ့ခဲ့ရတဲ့ ဂြိုဟ်တွေကတော့ မကြုံစဖူး များတဲ့ အရေအတွက် ဖြစ်နေလို့တင်မက အရွယ်အစားကလည်း ကမ္ဘာကြီးနဲ့ အလားတူ အရွယ်လောက် ဖြစ်နေတဲ့အတွက်ပါ။

အခုအခါ သိပ္ပံပညာရှင်တွေက နောက်တဆင့် အနေနဲ့ အဲဒီဂြိုလ်တွေပေါ်မှာ အောက်စီဂျင်နဲ့ မီသိန်းလို အရေးပါတဲ့ ဓါတ်ငွေ့တွေ ရှိသလား ဆိုတာကို စလေ့လာနေကြပါပြီ။

အဲဒီဂြိုဟ် မျက်နှာပြင်တွေပေါ်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတဲ့ အထောက်အထားတွေကို အဲဒီလေ့လာချက်တွေကနေ သိရမှာ ဖြစ်ပါတယ်။

နေစကြဝဠာ ပြင်ပက ဂြိုဟ်တွေကို ရှာတွေ့တဲ့အခါတိုင်း တခြားဂြိုဟ်သားတွေ ရှိနိုင်တယ်ဆိုတဲ့ ကောက်ချက်တွေ အလွယ်တကူ ချလေ့ရှိကြပေမယ့် ဒီဂြိုဟ်စုကတော့ တခြားဂြိုဟ်သားတွေ ရှိမရှိ ဆိုတာကို သဲလွန်စရှာနိုင်ဖို့ အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ ဘီဘီစီ သိပ္ပံရေးရာ အယ်ဒီတာ David Shukman က သုံးသပ်ထားပါတယ်။