အမေရိကန် ပေါ်လစီ တွေ ကြောင့် မက္ကဆီကို စိတ်ပျက် ဒေါသဖြစ်နေ

မက္ကဆီကို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရှေ့မှာပဲ စိတ်ပျက် ဒေါသဖြစ်စရာတွေ ဖြစ်နေကြောင်း ပြောဆို

သမ္မတ ထရမ့်ရဲ့ ကိုယ်စားလှယ် တွေ မက္ကဆီကို နိုင်ငံကို ရောက်နေပြီး ဆွေးနွေးနေ ကြတာနဲ့အတူ မက္ကဆီကို ဘက် က အတော့ကို မကျေနပ် တဲ့ပုံတွေ့ နေရပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူများနဲ့ပတ်သက်ပြီး အမေရိကန် ရဲ့ ပေါ်လစီ က ဒီ ၂ နိုင်ငံကြား ဆက်ဆံရေး က ဆယ်စုနှစ်များ စွာအတွင်း အောက်ဆုံးအဆင့် အထိ ကျဆင်းလာပါတယ်။

မက္ကဆီကိုမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ရက်စတယ်လာဆန် နဲ့ ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲ ဂျွန်ကယ်လီတို့ ရောက်ရှိနေပြီးတော့ မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

မက္ကဆီကိုနိုင်ငံခြားရေး ဝန်ကြီး လူးဝစ် ဗီဒီ ဂရေး က သူတို့ လာလည်တာကို ကျေးဇူးတင်ရပါတယ်။ ဘာလို့လည်းဆိုတော့ ၂ နိုင်ငံကြား သိပ်ကိုရှုပ်ရှုပ်ထွေးထွေး ကိစ္စတွေကို ရင်ဆိုင်နေရတဲ့အချိန်မို့ပါ လို့ ပြောပြီးနောက်ပိုင်း အမေရိကန်တို့ ချမှတ်ထားတဲ့ ပေါ်လစီတွေ က နိုင်ငံတွင်းက မက္ကဆီကိုသားတွေကော ပြည်ပရောက်မက္ကဆီကို သားတွေအတွက် ထိခိုက်စရာတွေ ဖြစ်တဲ့အတွက် စိတ်ပျက် ဒေါသထွက်စရာ ဖြစ်နေတယ် လို့ ပြောခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရမ့် က သူ့ပြည်တွင်းမှာရှိနေပြီး သန်းနဲ့ချီပြီးရှိနေတဲ့ တရားမဝင် ဝင်ရောက်လာသူတွေ ကို ပစ်မှတ်ထားပြီး ပြည်တွင်းကနေ ပြန်နှင်ထုတ် မယ့် ပေါ်လစီ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ချမှတ်လိုက်ပါပြီ။

အထူးသဖြင့် ရာဇ၀တ်မှု မှတ်တမ်းရှိတဲ့သူတွေ ဆိုရင် အရင်ဆုံး ပြန်ပို့မယ် လို့ ဆိုပါတယ်။

နောက်ပြီးမက္ကဆီကို နယ်စပ် ကဖြတ်ပြီး ဘယ်နိုင်ငံသား ပဲ တရားမဝင် ဝင်လာလာ၊ မက္ကဆီကို နိုင်ငံထဲကို ပဲ ပြန်ပို့မယ် ဆိုတာ ကိုလည်း လုပ်ငန်း အစီအစဉ် ချမှတ်ထားပါတယ်။

ဒါတွေ က ရွှေ့ပြောင်းဝင်ရောက်သူများ ဆိုင်ရာ အခွင့်အရေး တွေ ကို လျစ်လျူရှု တော့မလား ဆိုပြီး မက္ကဆီကို ကို စိုးရိမ်နေစေပါတယ်။

မက္ကဆီကို က တင်သွင်းခွန် တွေအပေါ် အခွန် ၂၀ ရာခိုင်နှုန်းကောက်မယ်ဆိုတာကို သမ္မတထရမ့် က ပြောနေသလို နယ်စပ်မှာ တံတိုင်းကာဖို့ လည်း သမ္မတ ထရမ့် က ပြောနေတာပါ။

တံတိုင်းကုန်ကျစားရိတ်လည်း မက္ကဆီကို က ခံဖို့ ပြောနေပြီးတော့ အခုလက်ရှိလည်း အမေရိကန် ကနေ မက္ကဆီကို ကို အကူအညီ ပေးတဲ့ ရန်ပုံငွေ တွေကိုလည်း သက်ဆိုင်ရာ ဌာနက တင်ပြစေပြီး ပြန်စိစစ်ဖို့ လုပ်နေ တယ်ဆိုတော့ အခု ကိုယ်စားလှယ် ၂ယောက် နဲ့ မက္ကဆီကို သမ္မတ အန်းရစ် ပီညက်တို တို့ တွေ့တဲ့ပွဲကလည်း ၂ နိုင်ငံ ဆက်ဆံရေး ကို သိသိသာသာ ကောင်းအောင်လုပ်နိုင်မယ့်ပုံတော့ မတွေ့ရပါဘူး။