ဗြိတိန် အီးယူက ထွက်မယ့်ရက် ကြေညာ
ဗြိတိန်နိုင်ငံ အီးယူ ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ဖို့ ပြီးခဲ့တဲ့နှစ်က ဆန္ဒခံယူပွဲအရ ဆုံးဖြတ်ခဲ့ပြီးနောက် နုတ်ထွက်ရေး အစီအစဉ်တွေတရားဝင် စတယ်မယ့် ရက်စွဲကို ဗြိတိသျှ အစိုးရက အတည်ပြု ထုတ်ပြန်လိုက် ပါတယ်။
Article 50 လို့ ခေါ်တဲ့ ဥရောပ သမဂ္ဂ ကနေ ထွက်ခွာခွင့်ဆိုင်ရာ သဘောတူညီချက် အရ မတ်လ ၂၉ ရက်နေ့မှာ ဝန်ကြီးချုပ် ထရီဆာမေက နုတ်ထွက်ရေး အစီအစဉ်တွေ စတင်မယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူအဖွဲ့ ကနေ ထွက်ရေး အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေလုပ်ဖို့ ၂ နှစ် အချိန်ရပါတယ်။
ဥရောပ ကော်မရှင် ပြောခွင့်ရသူ မာဂရီတီ ဆဟီးနာ့စ် Margaritis Schinas က အီးယူဖက်က အသင့်ရှိကြောင်း အခုလို ပြောပါတယ်။
သူတို့ကိုလည်း ကြိုတင် အကြောင်းကြားထားကြောင်း၊ အီးယူဖက်ကလည်း စေ့စပ်ညှိနှိုင်းမှုတွေ စဖို့ အသင့် ရှိနေကြောင်း ပြောသွားတာ ဖြစ်ပါတယ်။
ဗြိတိန်ဟာ အီးယူကနေ ထွက်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတော့မှာပါ။