ဗြိတိသျှရွေးကောက်ပွဲလုပ်ဖို့ တောင်းဆို

uk

ဓာတ်ပုံ ရင်းမြစ်, Victoria Jones

ဓာတ်ပုံ ပုံစာ,

အီးယူ ဥရောပ သမဂ္ဂက ထွက်ဖို့ ဗြိတိန် ဆန္ဒခံယူခဲ့

ဗြိတိန်မှာ လာမယ့် ဇွန်လ ၈ ရက်မှာ အထွေထွေ ရွေးကောက်ပွဲ အမြန် ကျင်းပဖို့အတွက် ပါလီမန်မှာ မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုမယ်လို့ ဝန်ကြီးချုပ် ထရီဆာမေက ကြေညာလိုက်ပါတယ်။

၂ဝ၂ဝ မှာ လက်ရှိ ပါလီမန် သက်တမ်းမကုန်သေးခင် ရွေးကောက်ပွဲ မလုပ်ချင်ဘူးလို့ အရင်တုန်းက ထရီဆာမေက ပြောကြားခဲ့ဖူးပါတယ်။

ဗြိတိန်မှာ အထွေထွေ ရွေးကောက်ပွဲ ကို မူလ အစီအစဉ်ထက် သုံးနှစ်စောပြီး ကျင်းပဖို့ စီစဉ်နေတာပါ။

ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂက နုတ်ထွက်ရေး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်နေချိန်မှာ နိုင်ငံတည်ငြိမ် ခိုင်မာဖို့က ဒီတစ်နည်းပဲ ရှိတဲ့ အတွက် ဒီဆုံးဖြတ်ချက်ကို သူ့အနေနဲ့ မလုပ်ချင်ဘဲ လုပ်လိုက်ရတာလို့ ထရီဆာမေက ပြောပါတယ်။

ဗြိတိန် နိုင်ငံ အနေနဲ့ ပေါင်းစည်း ဆောင်ရွက်ကြပေမယ့် ပါလီမန်ကတော့ အဲဒီလို မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အတိုက်အခံ ပါတီတွေက ဗြိတိန်နိုင်ငံ အီးယူက နုတ်ထွက်ရေးပြင်ဆင်မှုတွေကို ထိခိုက်အောင် လုပ်နေပြီး ဆွေးနွေး ညှိနှိုင်းမှုတွေကို အားနည်းအောင် လုပ်နေတယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲ မလုပ်ရင် ဒီလို အာဏာ နေတာတွေ ဆက်ဖြစ်နေမယ်လို့လည်း သူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပါလီမန်မှာ ထရီဇာမေ ဒီအဆိုတင်ရင် ထောက်ခံမယ်လို့ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီကိုဘင်က ပြောကြား လိုက်ပါတယ်။