ဆရီနာ ဝီလျံစ် ကိုယ်ဝန်ရှိနေပြီ
အမေရိကန် တင်းနစ် ချန်ပီယံ ဆရီနာ ဝီလျံစ် ကိုယ်ဝန်ရှိနေပြီလို့ သူ့ရဲ့ အေးဂျင့်က အတည်ပြု ပြောကြားပါတယ်။
ကမ္ဘာပေါ်မှာ ကြေးအကြီးဆုံး အားကစားမယ် ဆရီနာ ဝီလျံစ်နဲ့ Reddit ဝက်ဆိုက် ပူးတွဲ ထူထောင်သူ Alexis Ohanian တို့ စေ့စပ်ထားကြတာပါ။
ဆရီနာ ဝီလျံစ် က လူမှုကွန်ယက်ပေါ်မှာ ရက်သတ္တပတ် ၂ဝ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေကူးဝတ်စုံနဲ့ ပုံကို တင်ခဲ့တဲ့အတွက် ကိုယ်ဝန်ရှိနေပြီလို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။
နောက် မကြာခင်ပဲ ဒီပုံကို အင်တာနက်ပေါ်ကနေ ပြန်ဖြုတ်ပစ်ခဲ့ပါတယ်။
ဆရီနာ ဝီလျံစ်ဟာ ဇန်နဝါရီလတုန်းက သြစတြေးလျ အိုးပင်း ပြိုင်ပွဲမှာ ဂရင်းဆလမ် ဆုကြီးကို ၂၃ ဆု မြောက် စံချိန်တင်ပြီး နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဒူးနာတယ် ဆိုပြီး ကစားပွဲက အနားယူထားတာ ဖြစ်ပါတယ်။