မြောက်ကိုရီးယားတပ်မတော်နေ့ စစ်ရေးစမ်း
မြောက်ကိုရီးယား တပ်မတော် တည်ထောင်တာ ၈၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် စစ်ရေးလေ့ကျင့်မှု အကြီးအကျယ်လုပ်ခဲ့ပြီး ပစ်ခတ်စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယား က ဝမ်ဆန်း ဒေသမှာ သံချပ်ကာ ယန္တရားတွေ အများကြီး တပ်စွဲထားပြီး စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ဆိုပါတယ်။
တောင်ကိုရီးယား ဘက်ကလည်း အမေရိကန် စစ်သင်္ဘောတွေနဲ့ သူတို့ ရေတပ် ပေါင်းပြီး ပစ်ခတ် စမ်းသပ်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် ၃ နိုင်ငံ ဆွေးနွေးပွဲလည်း တိုကျိုမှာ ကျင်းပနေပါတယ်။
အမေရိကန် ရေငုပ်သင်္ဘော တစင်းလည်း တောင်ကိုရီးယားကို ရောက်လာပြီး ထပ်ဝင်လာမယ့် လေယာဉ်တင် သင်္ဘောအုပ်စုနဲ့ ပူးပေါင်းမယ်လို့ ဆိုပါတယ်။