ဒမတ်စ်ကပ်စ် မြို့လယ် ကားဗုံးကွဲလို့ လူ ၂ဝ သေ

ဆီးရီးယား
ဓာတ်ပုံ ပုံစာ,

ကားဗုံး ပေါက်ကွဲခဲ့လို့ လူ အယောက် ၂ဝ သေဆုံး

ဆီးရီးယား နိုင်ငံမြို့တော် ဒမတ်စ်ကပ်စ်ရဲ့ အချက်အခြာ နေရာမှာ ကားဗုံး ပေါက်ကွဲခဲ့လို့ လူ အယောက် ၂ဝ သေဆုံး သွားပါတယ်။

ဆီးရီးယား အာဏာပိုင်တွေ နောက်ကလိုက်ဖမ်း နေတဲ့ ကား ၃ စင်း ထဲက တစ်စင်း၊ အခုလို ဖောက်ခွဲပစ်လိုက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန် ကား ၂ စင်းကိုတော့ ဗုံး မခွဲခင် လက်ရ ဖမ်းဆီး နိုင်ခဲ့ပြီး၊ မြို့လယ်နဲ့ ဝေးရာမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ဖျက်ဆီး ခဲ့ရတယ်လို့ ဆီးရီးယား အရာရှိ တချို့က ပြောပါတယ်။

အသေခံ ဗုံးခွဲဖို့ လာကြတဲ့ ကား ၃ စင်း လိုရာ မရောက်ခင် ကြားဖြတ် နိုင်ခဲ့တာ ဖြစ်တယ် ဆိုပြီး ဆီးရီးယား မီဒီယာတွေက ဆိုပါတယ်။

ဒမတ်စ်ကပ်စ် မြို့တော်မှာ ကားဗုံး ပေါက်ကွဲမှုတွေ မတ်လထဲ နောက်ဆုံး ဖြစ်ပေါ် ခဲ့ပြီး၊ တစ်ခုကို အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့က သူတို့ လုပ်တာလို့ ကြေညာ ခဲ့သလို တစ်ခုကတော့ IS နဲ့ အပြိုင် တခြား အစ္စလာမ်စ် အဖွဲ့တစ်ခုက သူတို့ လက်ချက် ဆိုပြီး ပြောခဲ့ပါတယ်။