ရုရှား ဒုံးကျည်တွေ တူရကီ ဝယ်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption S400 ဒုံးပျံစနစ်ကို ဆီးရီးယားမှာလည်း ဖြန့်ကျက်ချထားပါတယ်။

တူရကီက ရုရှားဆီက အဆင့်မြင့် လေယာဉ်ပစ် ဒုံးပျံတွေ ဝယ်ယူဖို့သဘောတူ စာချုပ် ချုပ်လိုက်ပါတယ်။

နေတိုး အဖွဲ့ဝင်ဖြစ်တဲ့ တူရကီက ရုရှားဆီက လက်နက်ဝယ်တာကို အမေရိကန်က ကန့်ကွက် နေပါတယ်။ အကြောင်းပြချက်ကတော့ ရုရှား လက်နက်တွေဟာနေတိုးသုံးနေတဲ့ စနစ်တွေနဲ့ မကိုက်ညီတဲ့အတွက် ကန့်ကွက်တာလို့ ဆိုပါတယ်။

အမေရိကန် နဲ့ ဂျာမနီက သူတို့ရဲ့ ဒုံးပျံကာကွယ်ရေး စနစ်တွေကိုတူရကီက ရုပ်သိမ်းလိုက်ပြီးတဲ့နောက် အခုလို လုပ်လာတာဟာ တူရကီ သမ္မတ အာဒိုဝမ်က နေတိုးကို ဆန့်ကျင်အာခံပြလိုက်တဲ့ လုပ်ရပ်ပဲလို့ တူရကီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရုရှားဘက်ကတော့ အခု ဒုံးပျံရောင်းချမှုဟာ သူတို့ရဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားနဲ့ ကိုက်ညီမှု ရှိတယ်လို့ ပြောပါတယ်။

အခု ရုရှားဆီက ဝယ်မယ့် ဒုံးပျံတွေရဲ့ တန်ဘိုးက ဒေါ်လာ သန်း သုံးထောင်လောက်ရှိပြီး ရုရှားလုပ် S400 ဒုံးပျံဟာ ကီလိုမီတာ ၄၀၀ အဝေးမှာ ပျံသန်းနေတဲ့ ပစ်မှတ်ကို ပစ်ချနိုင်ပါတယ်။